Russia

အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ Pollock ငါးအသားလွှာတင်သွင်းမှု အများဆုံးနိုင်ငံတစ်ခုဖြစ်လာ

Last Updated:

အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ Pollock ငါးအသားလွှာတင်သွင်းမှုအများဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့ကြောင်း ရုရှားငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဖြစ်သူ Mr. German Zverev မှ ပြောကြားခဲ့သည်။

Mr. German Zverev မှ ယခုအချိန်တွင် ငါးလုပ်ငန်းစျေးကွက်အတွင်း လက်တင်အမေရိကသို့ white fish ၊ Pollock ငါးအသားလွှာနှင့် ငါးကြီးဆီထွက်ကုန်များတင်ပို့မှု၊ အာဖရိကသို့ ငါးသလောက် တင်ပို့မှုနှင့် အိန္ဒိယနိုင်ငံသို့ pollock ငါးအသားလွှာတင်ပို့မှုများကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါဒေသသုံးခုသည် အကြီးမားဆုံးစျေးကွက်ဖြစ်ကြောင်း TASS သတင်းဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှုဌာန(The Federal Service for Veterinary and Phytosanitary Supervision - Rosselkhoznadzor) အနေဖြင့် ငါးတင်ပို့မှုအပြင် အခြားကုန်ပစ္စည်းများတင်ပို့မှုစျေးကွက်တွင် အဓိကနိုင်ငံများဖြစ်သော အီဂျစ်၊ နိုင်ဂျီးရီးယား၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့နှင့်လည်း ညှိနှိုင်းဆွေးနွေးကာ အဆင်ပြေချောမွေ့နိုင်ရေးဆောင်ရွက်ထားကြောင်း၊ အဓိကအနေဖြင့် ပြည်ပတင်ပို့မှုများအား အဆိုပါနိုင်ငံများ၏ဝယ်လိုအား ပြည်တွင်းစျေးကွက်အပေါ် ချိန်ညှိဆောင်ရွက်ရန်ဖြစ်ကြောင်း Mr. German Zverev မှ ပြောကြားခဲ့သည်။

Source : https://tass.ru/ekonomika/18626653

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia