စင်ကာပူဝန်ကြီးချုပ် Lawrance Wong ၏ တောင်ကိုးရီးယားနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးအဆင့်မြှင့်တင်ရာ၌ ကဏ္ဍများအနက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဒီဂျစ်တယ် စီးပွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
တောင်ကိုရီးယားသမ္မတ Lee Jae Myung က “စင်ကာပူနိုင်ငံအနေဖြင့် တောင်ကိုရီးယား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆက်လက်ဆောင်ရွက်ကြရန် မျှော်လင့်ကြောင်းနှင့် စင်ကာပူနိုင်ငံ၏ ၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် ၂၀၃၀ ပြည့်နှစ်တွင် ကျရောက်မည့် Apec အလှည့်ကျဥက္ကဋ္ဌတို့အဖြစ် ဆောင်ရွက်နိုင်ရေး စင်ကာပူနိုင်ငံကို ထောက်ခံပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
စင်ကာပူသမ္မတ Lawrance Wong က “အာဆီယံ - ကိုရီးယားလွတ်လပ်သောကုန်သွယ်မှုဒေသသဘောတူစာချုပ် အဆင့်မြှင့်တင်ရန်အတွက် ညှိနှိုင်းမှုများကို ၂၀၂၆ ခုနှစ်၊ အစောပိုင်းတွင် ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ ကိုရီးယား - စင်ကာပူ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်သည် တောင်ကိုရီးယားနိုင်ငံအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံနှင့် ချုပ်ဆိုသည့် ပထမဦးဆုံးစာချုပ်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများစာရင်းတွင် အပြန်အလှန်အားဖြင့် ထိပ်ဆုံး ၁၀ နိုင်ငံ၌ပါဝင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ဒီဂျစ်တယ်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာမှုကို ကြိုဆိုကြောင်း၊ တောင်ကိုရီးယားနိုင်ငံသည် စွမ်းအင်၊ AI နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍတို့တွင် အလားအလာကောင်းများရှိကြောင်း၊ တောင်ကိုရီးယားကုမ္ပဏီများ၏ ဒေသတွင်းနှင့် ကမ္ဘာ့ ဈေးကွက်တို့ကို ထိုးဖောက်ရာ၌ စင်ကာပူနိုင်ငံသည် အခြေပြုနိုင်ငံဖြစ်စေရန်မျှော်လင့်ကြောင်း” ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ The Straits Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)