Japan

၂၀၃၅ ခုနှစ်တွင် ကျောက်မီးသွေးအသုံးပြုမှုရပ်ဆိုင်းကြရန် G-7 အဖွဲ့ဝင်နိုင်ငံများ သဘောတူညီခဲ့

Last Updated:

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ကျောက်မီးသွေးအသုံးပြုမှုကို ၂၀၃၅ ခုနှစ်တွင် ရပ်ဆိုင်းကြရန် G-7 အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများအကြား ၃၀-၄-၂၀၂၄ ရက်နေ့တွင် သဘောတူညီခဲ့ပါသည်။

အဆိုပါသတင်းတွင် ကမ္ဘာ့နိုင်ငံများ၏ကာဗွန်ကင်းစင်ရေးရည်မှန်းချက်ပါအတိုင်း ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ၁.၅ စင်တီဂရိတ်အောက်တွင် ထိန်းထားနိုင်ခြင်းဖြင့် ကျောက်မီးသွေးအသုံးပြုသည့် ဓာတ်အားပေးစက်ရုံများအသုံးပြုမှုကို လျှော့ချနိုင်ရေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ထည့်သွင်းထားကြောင်း ဖော်ပြထားပါသည်။

အဆိုပါအချက်ထည့်သွင်းထားရခြင်းမှာ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် ၎င်းတို့၏လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ၄ ပုံ ၁ ပုံကျော်ကို ကျောက်မီးသွေးအသုံးပြုသည့် ဓာတ်အားပေးစက်ရုံများမှ ရယူအသုံးပြုလျက်ရှိသည့် အတွက် ခြွင်းချက်အနေဖြင့် ထည့်သွင်းထားရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၈ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး “Conference of the Parties”(COP28)တွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို ရပ်ဆိုင်းပြီး အခြားသောစွမ်းအင်များပြောင်းလဲသုံးစွဲကြရန် သဘောတူညီခဲ့ကြကြောင်း၊ ရုပ်ကြွင်းလောင်စာများအနက် ကျောက်မီးသွေးသည် အဓိကကျသည့်လောင်စာဖြစ်ကြောင်းနှင့် ယခုကဲ့သို့ G-7 အဖွဲ့ဝင်နိုင်ငံများအကြား ကျောက်မီးသွေးအသုံးပြုမှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်သည် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို ရပ်ဆိုင်းနိုင်ရေးအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ အီတလီ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် ရုရှားနိုင်ငံ၏ဘဏ္ဍာငွေအရင်းအမြစ်သည် စွမ်းအင်မှဖြစ်သည့်အတွက် G-7 အနေဖြင့် ယူကရိန်းကို ထောက်ပံ့နိုင်ရေး ရုရှားမှ သဘာဝဓာတ်ငွေ့ဝယ်ယူမှုကိုရပ်ဆိုင်းကာ အခြားသောနိုင်ငံများမှ ပြောင်းလဲဝယ်ယူသုံးစွဲနိုင်ရေး သဘောတူညီမှုရရှိခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၃၀-၄-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan