Japan

အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်မီးရထားလမ်းစီမံကိန်းအပါအဝင် အခြားသောစီမံကိန်းများကို ပြန်လည်စတင်ရန် ဂျပန်-သီရိလင်္ကာသဘောတူညီခဲ့

Last Updated:

ဂျပန်နိုင်ငံမှ ဘဏ္ဍာငွေထောက်ပံ့ပေးလျက်ရှိသည့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်မီးရထားလမ်းစီမံကိန်းအပါအဝင် ရပ်နားထားသည့် နှစ်နိုင်ငံစီမံကိန်းများကို ပြန်လည်စတင်ဆောင်ရွက်သွားကြရန် ၄-၅-၂၀၂၄ ရက်နေ့တွင် ဂျပန်-သီရိလင်္ကာနှစ်နိုင်ငံ သဘောတူညီခဲ့ကြပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Ms. Yoko Kamikawa သီရိလင်္ကာနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်သည့်ခရီးစဉ်အတွင်း ယခုကဲ့သို့သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံအနေဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ထံမှ ရယူထားသည့်ချေးငွေ အမေရိကန်ဒေါ်လာ ၂.၉ သန်းကို ပြန်လည်ပေးဆပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

သီရိလင်္ကာနိုင်ငံ၏ကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ဖွဲ့စည်းထားသော မြီရှင်ကော်မရှင်တွင် ဂျပန်နိုင်ငံအနေဖြင့် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အဆိုပါကော်မရှင်နှင့်သီရိလင်္ကာနိုင်ငံအကြား နားလည်မှုစာချွန်လွှာကို ဆောလျင်စွာလက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တရုတ်ပြီးပါက သီရိလင်္ကာနိုင်ငံကို ချေးငွေအများဆုံးထုတ်ပေးထားသည့်နိုင်ငံဖြစ်ပြီး၊ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံကို တတိယအများဆုံး ချေးငွေထုတ်ပေးထားသည့် နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၅-၅-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan