China(Beijing)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပထမ ၁၁ လအတွင်း ၃.၆ ရာခိုင်နှုန်းမြင့်တက်

Last Updated:

၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းတင်သွင်းမှုနှင့် ပို့ကုန်စုစုပေါင်းသည် ယွမ် ၄၁.၂၁ ထရီ လီယံ(အမေရိကန်ဒေါ်လာ ၅.၈၂ ထရီလီယံခန့်)အထိမြင့်တက်ခဲ့ပြီး ယခင်နှစ်ထက် ၃.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏အဆိုအရ ယခုနှစ် ပထမ ၁၀ လအတွင်း မြင့်တက်လာမှုနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း၊ နိုဝင်ဘာလတစ်ခုတည်း၌ တရုတ်နိုင်ငံ ၏ကုန်ပစ္စည်းတင်သွင်းမှုနှင့် ပို့ကုန်များသည် ယခင် နှစ်ထက် ၄.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယွမ် ၃.၉ ထရီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

Source: https://en.people.cn/n3/2025/1208/c90000-20399590.html

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)