Singapore

ဒူဘိုင်းမြို့တွင် စင်ကာပူနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအသစ်များသည် ၂၀၂၅ ခုနှစ်တွင် ၂၂ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့

Last Updated:

ဒူဘိုင်းမြို့တွင် စင်ကာပူနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအသစ်များသည် နှစ်စဉ်တိုးမြင့်ခဲ့ရာ ၂၀၂၅ ခုနှစ်တွင် ၂၂ ရာခိုင်နှုန်းထိတိုးမြင့်ခဲ့ကြောင်း Singapore Business Review သတင်းစာတွင် ဖော်ပြပါရှိပါသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုအသစ်များသည် မတည်ရင်းနှီးငွေ စင်ကာပူဒေါ်လာ ၂၆၅ သန်း(အမေရိကန်ဒေါ်လာ ၂၀၅ သန်း)ရှိပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁,၂၅၃ ခုဖြင့် ၂.၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ၂၇ ခု၊ ရင်းနှီးမြှုပ်နှံသည့်ပမာဏ စင်ကာပူဒေါ်လာ ၁၄၈ သန်း(အမေရိကန်ဒေါ်လာ ၁၁၅ သန်း)ဖြင့် ဒူဘိုင်းမြို့တွင် ရင်းနှီးမြှုပ်မှုအများဆုံးနံပါတ် ၁၀ နေရာတွင် ရပ်တည်ခဲ့ရာမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာခြင်းဖြင့် နံပါတ် ၇ နေရာသို့ရောက်ရှိလာခဲ့ကြောင်း၊ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဆော့ဖ်ဝဲလ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် ကုန်စည်သိုလှောင်ရေးလုပ်ငန်း ၇ ခုသည် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမတည်ငွေပမာဏအများဆုံးဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ၃ ခုကိုလည်း ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် ဒူဘိုင်းမြို့တွင် ရင်းနှီးမြှုပ်နှံထားသော စင်ကာပူကုမ္ပဏီများအနက် QuikBot Technologies ကုမ္ပဏီသည် ဒူဘိုင်းမြို့ပေါင်းစပ်စီးပွားရေးဇုန်များအာဏာပိုင်အဖွဲ့(Dubai Integrated Economic Zones Authority)နှင့်ပူးပေါင်း၍ Dubai Silicon Oasis လွတ်လပ်သော ကုန်သွယ်ရေးဇုန်တွင် လုပ်ငန်းများလည်ပတ်လျက်ရှိပါကြောင်း၊ဒူဘိုင်းမြို့တွင် အိန္ဒိယနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအများဆုံး ဆောင်ရွက်လျက်ရှိပြီး ယူကေနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည်လည်း ဒုတိယနှင့် တတိယရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

စင်ကာပူနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းချဲ့ထွင်ဆောင်ရွက်လာနိုင်မှုအားကောင်းလာသည်နှင့်အမျှ နှစ်နိုင်ငံနှင့် နိုင်ငံများအကြား စီးပွားရေးကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်နိုင်မှုကို ခိုင်မာအားကောင်းလာစေနိုင်မည့် အလားအလားများဖြစ်ပါသည်။

ရင်းမြစ်။        Singapore Business Review သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)    

Category: Singapore