Russia

အိန္ဒိယနှင့် တရုတ်သို့ ရေနံတင်ပို့မှုအများဆုံးစာရင်းတွင် ရုရှားရပ်တည်

Last Updated:

OPEC ၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ အချက်အလက်များအရ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ ရေနံတင်ပို့မှုအများဆုံးနိုင်ငံနေရာ၌ (၅)လဆက်တိုက် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

OPEC ၏အချက်အလက်များအရ တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံအတွင်း ရေနံတင်သွင်းမှု ရုရှားနိုင်ငံမှ ၂၀ ရာခိုင်နှုန်း၊ ဆော်ဒီအာရေဗျနိုင်ငံမှ ၁၅ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံမှ ၁၁ ရာခိုင်နှုန်း တင်သွင်းလျက်ရှိပြီး တရုတ်နိုင်ငံ၏ရေနံတင်သွင်းမှုသည် လစဉ် ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ရေနံတင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ၁၂ လဆက်တိုက်ရပ်တည်နေခဲ့ပြီး အိန္ဒိယနိုင်ငံတွင်းသို့ တင်သွင်းနေသည့်ရေနံ၏ ၄၅ ရာခိုင်နှုန်းမှာ ရုရှားနိုင်ငံမှဖြစ်ကြောင်း OPEC အချက်အလက်များအရ သိရှိရပါသည်။  အခြားနိုင်ငံများအနေဖြင့် အီရတ်နိုင်ငံမှ ၁၇ ရာခိုင်နှုန်း၊ ဆော်ဒီအာရေဗျနိုင်ငံမှ ၁၆ ရာခိုင်နှုန်းတင်သွင်းလျက်ရှိပြီး အိန္ဒိယနိုင်ငံ၏ ရေနံတင်သွင်းမှုသည် ၂၀၂၃ ခုနှစ် မေလမှ ဇွန်လအတွင်း ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source : https://tass.com/economy/1658963

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia