Russia

ရုရှားသည် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်း သတင်းလုံခြုံရေးစင်တာတည်ထောင်ရန် ရူဘယ် ၃.၃ ဘီလီယံ ခွဲဝေပေး

Last Updated:

လက်ရှိအချိန် ပြည်ပဖိအားပေးမှုများကိုရင်ဆိုင်ရာတွင် ရုရှားနိုင်ငံသားများနှင့် ရုရှားစီးပွားရေးလုပ်ငန်းများ၏ အရေးကြီးသည့်သတင်းအချက်အလက်များအား လုံခြုံမှုရှိစေရေးအပါအဝင် စက်မှုလုပ်ငန်းနယ်ပယ်အသီးသီး၌ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန် အားပေးလှုံ့ဆော်ပေးခြင်းသည် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် ရုရှားအစိုးရအနေဖြင့် သတင်းအချက်အလက်များလုံခြုံမှုရှိစေရေးအတွက် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်း သတင်းလုံခြုံရေးစင်တာအား တည်ထောင်ရန် ရူဘယ် ၃.၃ ဘီလီယံ ခွဲဝေချထားပေးခဲ့ကြောင်း ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin မှ ပြောကြားခဲ့သည်။

ရုရှားဝန်ကြီးချုပ်မှ အနာဂတ်တွင် ပြည်တွင်းနည်းပညာများကို မိတ်ဆက်နိုင်မည့် သုတေသနလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်အခြေခံအဆောက်အဦများနှင့် လက်တွေ့စမ်းသပ်ခန်းများဖြစ်ပေါ်လာစေရေးအတွက် အဆိုပါဘဏ္ဍာငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ရုရှားဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဒုတိယအကြီးအကဲဖြစ်သူ Mr. Alexander Shoitov မှ public-private အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပံ့ပေးနိုင်ရန်နှင့် Cryptography နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည့် Digital Cryptography အမျိုးသားနည်းပညာစင်တာတည်ထောင်ရန် အစီအစဉ်ကို ကြေညာခဲ့ဖူးကြောင်း၊ ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် အဆိုပါ စင်တာအား ၂၀၂၄ ခုနှစ်မှသာ ပြန်လည်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Source : https://ria.ru/20230810/informbezopasnost-1889323152.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia