ဗီယက်နမ်နိုင်ငံသို့ ဇွန်လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည်လာရောက်မှုမှာ ၁.၅ သန်းနီးပါးရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းတိုးလာကြောင်း ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏အကြီးဆုံးနိုင်ငံတကာခရီးသွားရင်းမြစ်အဖြစ် ဆက်လက်တည် ရှိပြီး ခရီးသွားဧည့်သည် ၂.၇ သန်းလာရောက်ခဲ့ကြောင်းနှင့် စုစုပေါင်း၏ ၂၅.၆ ရာခိုင်နှုန်းရှိကြောင်းသိရှိရပါသည်။ တောင်ကိုရီးယားခရီးသွားဧည့်သည် ၂.၂ သန်းရှိပြီး ၂၀.၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရပ်တည်ခဲ့ကြောင်း၊ အဆိုပါဈေးကွက်နှစ်ခုသည် နိုင်ငံ တကာမှ လာရောက်သူအားလုံး၏ ၄၆.၃ ရာခိုင်နှုန်းရှိကြောင်း ရေးသားဖော်ပြထားပါသည်။
ထိုင်ဝမ်နိုင်ငံမှလာရောက်သူ ၆၃၀,၀၀၀ ဦး၊ အမေရိကန်နိုင်ငံမှလာရောက်သူ ၄၄၉,၀၀၀ ဦး၊ ဂျပန်နိုင်ငံမှလာရောက်သူ ၃၉၃,၀၀၀ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံမှ လာရောက်သူ ၃၆၀,၀၀၀ ဦးအသီးသီးရှိကြောင်း သိရှိရပါသည်။ အိန္ဒိယ၊ ဩစတြေးလျ၊ မလေးရှားနှင့် ရုရှားတို့သည် ဗီယက်နမ် နိုင်ငံ၏ ထိပ်တန်းနိုင်ငံတကာခရီးသွားဈေးကွက် ၁၀ ခုတွင်ပါဝင်ကြောင်း ဖော်ပြထားပါသည်။
ယခုနှစ်ပထမနှစ်ဝက်အတွင်း လေကြောင်းခရီးသွားလာမှုတွင် နိုင်ငံတကာမှလာရောက်သူအများစုမှာ ဗီယက်နမ်နိုင်ငံသို့ လေ ကြောင်းခရီးဖြင့် ဝင်ရောက်မှု ၉.၁ သန်းရှိပြီး ၅၈.၂ ရာခိုင်နှုန်းနှင့် ၂၂.၇ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
ကုန်းလမ်းခရီးမှ လာရောက်သူ ၁.၄ သန်းခန့်ရှိပြီး ၁၃.၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ပင်လယ်ရေကြောင်းမှလာရောက်သည့် ခရီးသွားဧည့်သည် ၁၈၁,၄၀၀ ရှိပြီး ၁.၇ ရာခိုင်နှုန်းတိုးလာကာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပါသည်။
Source: The Saigon Times
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)