Vietnam

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ဇူလိုင်လတွင် ၆၉ ရာခိုင်နှုန်းမြင့်တက်လာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁၀ သန်းရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၉ ရာခိုင်နှုန်းတိုးလာကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆိုအရ သိရှိရပါသည်။

အဆိုပါကိန်းဂဏန်းသည် ၂၀၂၅ ခုနှစ် ပထမခုနှစ်လပတ်အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်ပို့မှုမှ ဝင်ငွေသည် ၃.၉၂ ဘီလီယံရရှိပြီး တစ်နှစ်ထက်တစ်နှစ် ၀.၉ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အလားတူကာလအတွင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၂.၄၇ ဘီလီယံအထိရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်းနှင့်ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံရှိလာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုတန်ဖိုး၏ ၅၂.၆ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးတင်သွင်းသူအဖြစ် ဆက်လက်တည်ရှိနေပြီး အမေရိကန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့က ၈.၄ ရာခိုင်နှုန်းနှင့် ၅.၁ ရာခိုင်နှုန်းအသီးသီးရှိကြောင်း သိရှိရပါသည်။

ဤကဏ္ဍမှ ယခုနှစ်အတွင်း ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံအထိရရှိရန်မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam