U. A. E

ယူအေအီးနိုင်ငံရှိ စားသုံးသူစျေးကွက်များတွင် မျှတသောကုန်သွယ်မှုနှင့် စားသုံးသူကာကွယ်ရေးကို ရရှိစေရန်အတွက် ဒူဘိုင်းတွင်လှုပ်ရှားမူများကိုဆောင်ရွက်ထားရှိ

Last Updated:

ဒူဘိုင်းစားသုံးသူကာကွယ်ရေးနှင့်မျှတသောကုန်သွယ်မှုကော်ပိုရေးရှင်း(DCCPFT)သည် ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလုပ်ငန်းဌာန(DET)၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ဒူဘိုင်းစျေးကွက်များနှင့်စီးပွားရေးလုပ်ငန်းများသို့ ကွင်းဆင်းလေ့လာခြင်းနှင့် စောင့်ကြည့်လေ့လာမှုများကို ပြုလုပ်ခဲ့ပါသည်။

ဤအစပျိုးမှုသည် ကုန်သည်များနှင့်စားသုံးသူများ၏ ရပိုင်ခွင့်များနှင့်တာဝန်များကို မီးမောင်းထိုးပြသနိုင်ရန်အတွက် DCCPFT ၏လက်ရှိလုပ်ဆောင်နေသော အသိပညာပေးလှုပ်ရှားလှုံဆောင်မှုများကို အားကောင်းစေပြီး အားလုံးအတွက် မျှတသောအတွေ့အကြုံကိုရရှိစေကာ နောက်ဆုံးတွင် ဒူဘိုင်းရှိ စီးပွားရေးကဏ္ဍအတွင်း ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ခဲ့ပါသည်။

လှုပ်ရှားလှုံ့ဆော်မူပေါင်း ၂၃၂ ခုအတွင်း DCCPFT ၏စားသုံးသူကာကွယ်ရေးဌာနသည် ရမ်ဇာန်လအတွင်း အထူးသဖြင့် လူအသွားအလာများပြားသောနေရာများတွင် ကုန်သည်များနှင့်စားသုံးသူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခဲ့ပြီး စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသေးစိတ်အချက်အလက်များဖော်ထုတ်မှုကို လွယ်ကူသောတုံ့ပြန်ချက်များဖြင့် ရရှိနိုင်စေရန် အလေးထားဆောင်ရွက်ခဲ့ပါသည်။ တိုင်ကြားမှုများကို ပွင့်လင်းမြင်သာစွာစီမံခန့်ခွဲရာတွင် ကုန်စည်တင်သွင်းသူများကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဉာဏပစ္စည်းဆိုင်ရာအကာအကွယ်ပေးရေးဌာန(IPP)သည် အမှတ်တံဆိပ်ပိုင်ရှင်များ၏တောင်းဆိုချက်များကို တုံ့ပြန်ရန်အတွက် ဉာဏပစ္စည်းမူပိုင်ခွင့်များ(IPR)ကို စောင့်ကြည့်လေ့လာပြီး စီးပွားရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ၎င်းတို့မှ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်တားဆီးရန်အတွက် ကုန်အမှတ်တံဆိပ်လျှောက်ထားမှုပေါင်း ၁၉၉ ခုကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး လှုပ်ရှားလှုံ့ဆော်မူပေါင်း ၆၃ ခုအတွက် ဒူဘိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့၏အနာဂတ်အစီအစဉ်များတွင် စားသုံးသူဘေးကင်းရေးနှင့် ဥပဒေကိုလိုက်နာမှုရှိစေရန်အတွက် ဒူဘိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ကုန်ပစ္စည်းအတုရောင်းချသည့် နေရာများကိုစောင့်ကြည့်မည့် အထူးကြိုးပမ်းမှုအစီအစဉ်များလည်း ပါဝင်ပါသည်။

DCCPFT ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mohammed Shael Al Saadi က DCCPFT သည် ကုန်သည်များနှင့် စားသုံးသူများ၏အခွင့်အရေးများကို ကာကွယ်ရန် ကွင်းဆင်းလေ့လာမှုများပြုလုပ်သွားရန်ကတိပြုထားပြီး စားသုံးသူများ၏မကျေနပ်ချက်များကို တုံ့ပြန်ခြင်းနှင့် ၎င်းတို့၏အခွင့်အရေးများနှင့်တာဝန်များအား အသိပညာပေးခြင်းတို့ကို လုပ်ဆောင်ရန်ကတိပြုပါကြောင်း မျှတမှု၊ သာတူညီမျှမှု၊ ကျန်းမာသောယှဉ်ပြိုင်မှုနှင့်စားသုံးသူအကာအကွယ်ပေးရေးတို့ကို ရရှိစေရန်အတွက် ဒေသတွင်းစျေးကွက်များကို ထိန်းညှိခြင်းအပြင် အဆိုပါအခွင့်အရေးများကို မှတ်ပုံတင်ခြင်းနှင့်ကာကွယ်ခြင်း၏အရေးပါမှုတို့ကို စီးပွားရေးကဏ္ဍတွင် အသိပညာပေးခြင်းနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်များကို ကာကွယ်ရန်ကိုလည်း ကတိပြုပါကြောင်းနှင့် ၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများသည် နိုင်ငံတကာကုန်အမှတ်တံဆိပ်များအတွက် လုံခြုံသောစျေးကွက်တစ်ခုအဖြစ် ဒူဘိုင်း၏ဂုဏ်သတင်းကို အလေးထားဖော်ပြပြီး စားသုံးသူများ၏လက်လီရောင်းချမှုအတွေ့အကြုံကို ယုံကြည်မှုရှိရှိခံစားနိုင်စေမည့် နေရာတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

၎င်းမှအမျှော်အမြင်ကြီးမားသောခေါင်းဆောင်မှု၏အမြင်နှင့် D33 အစီအစဉ်၏ပန်းတိုင်များနှင့်အညီ စျေးကွက်တည်ငြိမ်မှုကိုထိန်းသိမ်းရန်အတွက် DCCPFT ၏အာရုံစိုက်ဆောင်ရွက်မှုများကိုလည်း အလေးထားပြောကြားခဲ့ပါသည်။ စီးပွားရေးဆိုင်ရာချိုးဖောက်မှုများအားလုံးအား ဆောလျင်စွာသတင်းပို့ရန် စားသုံးသူများအား ၎င်းတို့မှတောင်းဆိုထားပြီး နောင်တွင် အဆိုပါချိုးဖောက်မှုများသို့မဟုတ် ဥပဒေဆိုင်ရာတာဝန်များကို ရှောင်ရှားရန်အတွက် စီးပွားရေးလုပ်ငန်းပိုင်ရှင်များအား ၎င်းတို့၏ဉာဏအခွင့်အရေးများကို ကာကွယ်ရန်နှင့် မှတ်ပုံတင်ထားရှိရန် တိုက်တွန်းထားကြောင်း Al Saaadi က ဆက်လက်၍ ရှင်းပြခဲ့ပါသည်။

IPP ဌာနသည် သက်ဆိုင်ရာဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေများအောက်တွင် ကုန်သည်များအား ၎င်းတို့၏အခွင့်အရေးများနှင့်တာဝန်များအကြောင်း ပညာပေးရန်အစီအစဉ်များနှင့် အစပျိုးမှုများကို ပုံမှန်စီစဉ်ထားရှိပါသည်။ နိုင်ငံတကာအမှတ်တံဆိပ်အချို့၏ အတုအပထုတ်ကုန်များကို ရောင်းချခြင်းကဲ့သို့သောအကျင့်ပျက်ခြစားမှုများကို ရှောင်ကြဉ်ရန်ကိုလည်း စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့သောအစပျိုးမှုများသည် စီးပွားရေးဆိုင်ရာ ထိန်းချုပ်မှုလုပ်ငန်းများကို အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်နိုင်ရန်နှင့် စီးပွားရေးကဏ္ဍများနှင့်နယ်ပယ်အားလုံးတွင် စျေးကွက်ကြီးကြပ်မှုကို လွယ်ကူချောမွေ့စေရန်ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

IPP ဌာနသည် DCCPFT ကော်ပိုရေးရှင်းနှင့် ၎င်းတို့၏ဉာဏပစ္စည်းဆိုင်ရာအချက်အလက်ဖိုင်များနှင့် ၎င်းတို့၏အခွင့်အရေးများအား အမြဲတမ်းနောက်ဆုံးပေါ်ဖြစ်စေမှုအပေါ်သေချာစေရန်အတွက် စီးပွားရေးလုပ်ငန်းတည်ထောင်သူ ၁၀,၀၀၀ ကျော်တို့ကိုလွှမ်းခြုံကာ ပြည်တွင်းနှင့်နိုင်ငံတကာကုန်စည်အမှတ်တံဆိပ်များ၏ အခွင့်အရေးများကိုအကာအကွယ်ပေးလျက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E