ဇူလိုင်(၈)ရက်နေ့မှစတင်သည့် ဘဏ္ဍာနှစ်သစ်တွင် ပဲပုပ်ကိုဆီကြိတ်ပြီးနောက် ထွက်ရှိလာသော ပဲပုပ်ဖတ်များကို ပဲပုပ်အစာအဖြစ် တရုတ်ဈေးကွက်သို့တင်ပို့မည်ဟု အီသီယိုးပီးယားနိုင်ငံ၊ ကုန်သွယ်ရေးနှင့် ဒေသတွင်းပေါင်းစည်းရေးဝန်ကြီးဌာနက ကြေညာခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် အီသီယိုးပီးယား၏လယ်ယာထွက်ကုန်များ အဓိကတင်ပို့သည့်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား သဘောတူညီချက်အရ အီသီယိုးပီးယားပဲပုပ်တင်ပို့မှုသည် တရုတ်နိုင်ငံ၏ပိုးမွှားဆိုင်ရာစံနှုန်းများနှင့်ကိုက်ညီပြီး ပိုးမွှားကင်းစင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆင်ဟွာသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် အီသီယိုးပီးယားလယ်ယာထွက်ကုန်များကို အများဆုံးဝယ်ယူသူဖြစ်ပြီး အီသီယိုးပီးယားသည် နှစ်နိုင်ငံအကြား သဘောတူညီချက်နှင့်အညီ အရည်အသွေးမြင့်ပဲပုပ်ထွက်ကုန်များကို တရုတ်နိုင်ငံသို့ ရောင်းချပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ဆက်သွယ်ရေးဒါရိုက်တာ Wondimu Flate က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဝန်ကြီးဌာန၏အဆိုအရ အီသီယိုးပီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ပဲပုပ်တန်ချိန်(၂၉,၄၀၀)ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ(၁၈)သန်းခန့်ရရှိခဲ့ကြောင်း သိရှိရပါသည်။
အီသီယိုပီးယားနိုင်ငံသည် ပဲပုပ်ထွက်ကုန်များအတွက် စျေးကွက်ရှာဖွေနေသောကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံကို ကုန်သွယ်ရေးမိတ်ဖက်အဖြစ်ဆုံးဖြတ်ခဲ့ခြင်းကို အီသီယိုပီးယားအစိုးရက အခိုင်အမာထောက်ခံကြောင်း၊ အီသီယိုးပီးယားသည် ပဲပုပ်ထုတ်ကုန်များကို အရည်အသွေး၊ စံချိန် စံညွှန်းနှင့်ယှဉ်ပြိုင်နိုင်သည့်ပုံစံဖြင့် တင်ပို့သွားမည်ဖြစ်ကြောင်း Flate က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Source: https://en.people.cn/n3/2025/0709/c90000-20337934.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)