Thailand

ထိုင်းနိုင်ငံအစိုးရက ပို့ကုန်လုပ်ထုံးလုပ်နည်းများကို ချောမွေ့စေရန်၊ စာရွက်စာတမ်းအထောက်အထားများလျှော့ချရန်နှင့် နိုင်ငံတကာကုန်သွယ်မှုကို အရှိန်မြှင့်တင်ရန်အတွက် ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့မှစ၍ Self-Origin Certification(SOC)စနစ်ကို စတင်ဆောင်ရွက်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံအစိုးရက ပို့ကုန်လုပ်ထုံးလုပ်နည်းများကို ချောမွေ့စေရန်၊ စာရွက်စာတမ်းအထောက်အထားများလျှော့ချ ရန်နှင့် နိုင်ငံတကာကုန်သွယ်မှုကို အရှိန်မြှင့်ရန်အတွက် ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် Self-Origin Certification(SOC) စနစ်ကို စတင်ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရပါသည်။

ယင်းဆောင်ရွက်မှုသည် ပို့ကုန်လုပ်ထုံးလုပ်နည်းများခေတ်မီစေရန်နှင့် ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် ထိရောက်မှုမြှင့်တင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခင်က အကောက်ခွန်ဆိုင်ရာ အကျိုးခံစားခွင့်များအတွက် မူလရင်းမြစ်သက်သေခံလက်မှတ်(C/O)ကိုရှာဖွေသော ပို့ကုန်လုပ်ငန်းရှင်များသည် မှတ်ပုံတင်ခြင်း၊ လျှောက်လွှာတင်ခြင်းနှင့် ထောက်ခံချက်စာရွက်စာတမ်းများတင်သွင်းခြင်းနှင့် လူကိုယ်တိုင်လက်မှတ်များစုဆောင်းခြင်းတို့အပါ အဝင် စာရွက်အခြေခံအဆင့်များဆောင်ရွက်ရန်လိုအပ်ပြီး လုပ်ငန်းစဉ်သည် ရက်ပေါင်းများစွာကြာမြင့်တတ်ကြောင်း၊ SOC စနစ်ဖြင့်၊ လုပ်ထုံးလုပ်နည်းအားလုံးသည် ဒစ်ဂျစ်တယ်ပလပ်ဖောင်းသို့ ရွေ့သွားမည်ဖြစ်ကြောင်း၊ တင်ပို့သူများသည် လျှောက်လွှာတင်ခြင်း၊ စာရွက်စာတမ်းများအပ်လုဒ်လုပ်ခြင်း၊ အခြေအနေကို ခြေရာခံခြင်းနှင့် လက်မှတ်များကို အွန်လိုင်းတွင် လွတ်လပ်စွာပုံနှိပ်နိုင်ကြောင်း အစိုးရ၏ ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ Lalida Periswiwatana က ပြောကြားခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းများသည် SOC ပလပ်ဖောင်းကို အွန်လိုင်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး နိုင်ငံခြားကုန်သွယ်မှုဦးစီး ဌာန၏ SMART-I စနစ်ဖြင့်မှတ်ပုံတင်နိုင်ကြောင်း၊ စနစ်သစ်သည် လုပ်ဆောင်ချိန်များကို လျှော့ချရန်၊ စာရွက် စာတမ်းများကို လျှော့ချရန်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် အချိန်နှင့် တစ်ပြေးညီအပလီကေးရှင်းခြေရာခံခြင်းကို လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ရကြောင်း၊ မှတ်ပုံတင်ခြင်းတွင် လွန်ခဲ့သည့်သုံးလအတွင်း ထုတ်ပေးထားသောကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ တရားဝင်လက်မှတ်ထိုးသူများအတွက် သက်သေခံကတ်ပြားနှင့် လုပ်ငန်းတည်နေရာမြေပုံတစ်ခုလိုအပ်ပါကြောင်း၊ ထုတ်လုပ်သူများသည် စက်ရုံလည်ပတ်ခွင့်လိုင်စင်များ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်အသေးစိတ်များနှင့် ထုတ်လုပ်မှုနှင့် သိုလှောင်ရုံများ၏ မြေပုံများကို တင်ပြရမည်ဖြစ်ကြောင်း၊ SOC စနစ်ကို စတင်အသုံးပြုခြင်းသည် ဒစ်ဂျစ်တယ်အစိုးရဝန်ဆောင်မှုများကို မြှင့်တင်ရန်၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန်၊ ကုန်သွယ်မှုစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ထိုင်းထုတ်ကုန်များ၏ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းလာစေရန်အတွက် အရေးကြီးသောခြေလှမ်းဖြစ်ကြောင်း သိရှိရပါသည်။

Source: NBTWorld

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand