Russia

ရုရှားခရီးသွားများ ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်မှုတိုးတက်လာ

Last Updated:

၂၀၂၅ ခုနှစ် ပထမ(၆)လအတွင်း(ဇန်နဝါရီမှ ဇွန်လအထိ) ဗီယက်နမ်နိုင်ငံသို့ ရုရှားခရီးသွား ၂၆၀,၀၀၀ ကျော်ရောက်ရှိခဲ့ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးဝင်ရောက်မှုစုစုပေါင်း ၂၃၂,၀၀၀ ထက် ကျော်လွန်ခဲ့သည်။ အဆိုပါကာလအတွင်း ရုရှားခရီးသွားဧည့်သည်အရေအတွက်သည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃၉ ရာခိုင်နှုန်းအထိမြှင့်တက်ခဲ့သည်။ ယင်းအရေအတွက်သည် ကမ္ဘာ့လှည့်ခရီးသွားများ ဝင်ရောက်သည့်အရေအတွက်များအနက် တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်သည်။

၂၀၂၅ ခုနှစ် မတ်လတွင် ဗီယက်နမ်အစိုးရသည် ရုရှားအပါအဝင်နိုင်ငံပေါင်း ၁၂ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့်စနစ်ကို ၂၀၂၈ခုနှစ် အထိ သက်တမ်းတိုးပေးခဲ့သည်။

ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်းဌာန၏ သတင်းထုတ်ပြန်ချက်အရ အဆင်ပြေသောလေကြောင်းခရီးစဉ်များနှင့် ခရီးသွားအစီ အစဉ်များ၏ ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုတို့သည် ဗီယက်နမ်နိုင်ငံသို့လည်ပတ်ရန် ရုရှားလူမျိုးများအကြား ပိုမိုလူကြိုက်များလာစေသည့်အချက်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီတွင် ရုရှားသည် ဗီယက်နမ်သို့ ကမ္ဘာလှည့်ခရီးသည်များ(နှစ်စဉ် ၆၅၀,၀၀၀)စေလွှတ်ခြင်းအတွက် ထိပ်တန်းစျေးကွက်များထဲမှ တစ်ခုဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသို့ ရုရှားခရီးသွားဧည့်သည် ၄၃၀,၀၀၀ ခန့် ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

Source :        https://tass.com/economy/1986975

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia