U. A. E

ယူအေအီးနိုင်ငံမှရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ဖြင့် ဘီလာရုစ်နိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံရေးကို နက်ရှိုင်းစေခဲ့

Last Updated:

အာရပ်စော်ဘွားများပြည်ထောင်စုသည် ဘီလာရုစ်နိုင်ငံနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ သိသိသာသာအားကောင်းလာခဲ့ပြီး ယခုအခါတွင်ယူအေအီးနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိလာပြီဖြစ်ကာ ကာကွယ်ရေး၊ နည်းပညာ၊ ဧည့်ဝန်ဆောင်မှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစသည့် အဓိကကဏ္ဍများတွင်လွှမ်းခြုံထားပါသည်။

မင့်စ်အပြည်ပြည်ဆိုင်ရာပြပွဲစင်တာဖွင့်ပွဲအခမ်းအနားတွင် ယူအေအီးနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi ကဘီလာရုစ်နိုင်ငံရှိထိပ်တန်းရင်းနှီးမြှုပ်နှံသူ သုံးဦးတွင် ယူအေအီးနိုင်ငံ၏တည်ရှိမှုအပေါ် တိုးတက်ပြောင်းလဲလာသောဆက်ဆံရေးကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် အရည်အသွေးရှိသောခုန်ပျံကျော်လွှားမှုဖြင့် အမှတ်အသားပြုထားသည့် မဟာဗျူဟာမြောက်မဟာမိတ်အဖြစ် မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

Dr. Al Zeyoudi သည် အရှေ့ဥရောပနိုင်ငံ၏ခိုင်မာသော ထုတ်လုပ်မှုစွမ်းရည်နှင့် ကျွမ်းကျင်လုပ်သားအင်အားကိုအဓိကဆွဲဆောင်မှုအဖြစ်ကိုးကားပြီး ဘီလာရုစ်၏အစားအစာနှင့် စက်မှုလုပ်ငန်းကဏ္ဍများတွင် ယူအေအီး၏ စိတ်ဝင်စားမှုကြီးထွားလာမှုပေါ်အလေးပေးဖော်ပြခဲ့ပြီး ၎င်းနယ်ပယ်များကို အနာဂတ်ပေါင်းစည်းမှုနှင့် ဆန်းသစ်တီထွင်မှုများအတွက် အလားအလာကောင်းများအဖြစ် ၎င်းက ထောက်ပြခဲ့ပါသည်။

ဝန်ကြီးက ယူရေးရှန်းစီးပွားရေးသမဂ္ဂအဖွဲ့နှင့် ကုန်စည်ဆိုင်ရာလွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများအပြီးသတ်သွားပြီဖြစ်ကြောင်းကြေငြာခဲ့ပြီး မင့်စ်မြို့တော်၌ မကြာမီလက်မှတ်ရေးထိုးနိုင်မည်ဟုမျှော်လင့်ထားကြောင်းနှင့် တဆက်တည်းမှာပင်ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှစ်နိုင်ငံသဘောတူစာချုပ်မှာ အပြီးသတ်လုနီးပါးဖြစ်ပြီဖြစ်နေပြီဖြစ်ပြီး လက်ရှိတွင် တရားရေးဆိုင်ရာပြန်လည်သုံးသပ်မှုများကိုပြုလုပ်လျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

ဤပူးပေါင်းဆောင်ရွက်မှု၏ အရှိန်အဟုန်ကိုအလေးထားပြီး Dr. Al Zeyoudi က စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များဖွဲ့စည်းခြင်း၊ ကောင်စီများဖွဲ့စည်းခြင်းနှင့် ယခုနှစ်နှောင်းပိုင်းတွင်ပြုလုပ်မည့် ပူးတွဲစီးပွားရေးကော်မတီအစည်း အဝေးအသစ်အပါအဝင် အဖွဲ့အစည်းဆိုင်ရာနှင့်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်သွားရန် ပန်ကြားခဲ့ပါသည်။

ယူအေအီးနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖန်တီးပုံဖော်ထားသည့် မင့်စ်အပြည်ပြည်ဆိုင်ရာပြပွဲ စင်တာသည် ခရီး သွားလုပ်ငန်းနှင့်နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်ရန် ရည်ရွယ်ထားသည့် ရည်မှန်းချက်ကြီးမား သောစမတ်စီးပွားရေးမြို့တော်ဖြစ်သည့် Northern Waterfront စီမံကိန်း၏ ကနဦးအဆင့်အထိမ်းအမှတ်တစ်ခုဖြစ်ပါသည်။Al Zeyoudi ၏အဆိုအရ အဆိုပါပဏာမခြေလှမ်းသည် ကမ္ဘာလုံးဆိုင်ရာစျေးကွက်များတွင် ယူအေအီး နိုင်ငံ၏ကြီးထွားလာနေသောခြေရာကို ရောင်ပြန်ဟပ်လျက်ရှိပြီး ရေရှည်တည်တံ့သော နိုင်ငံတကာစီးပွားရေးထိတွေ့ဆက်ဆံမှုများအတွက် ၎င်းတို့၏ ရေရှည်မျှော်မှန်းချက်ကို ထင်ဟပ်စေခဲ့ပါသည်။

ပိုမိုကောင်းမွန်သော ဤပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်တိုးတက်မှု၊ မျှဝေခံစားခွင့်များနှင့် ကမ္ဘာလုံးဆိုင်ရာသြဇာလွှမ်းမိုးမှုကိုချဲ့ထွင်ခြင်းအပေါ်တည်ဆောက်ထားသည့် ယူအေအီး-ဘီလာရုစ်ဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ခုအဖြစ် အချက်ပြလျက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E