Stuttgart အခြေစိုက် ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Mercedes-Benz က ၎င်းတို့၏အမြတ် အစွန်းများသည် ယခုနှစ် ပထမနှစ်ဝက်တွင် ၅၅.၈ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း၊ ယမန်နှစ်အလားတူကာလ၏အခွန်ထမ်းဆောင်ပြီးဝင်ငွေသည် ယူရို ၆.၁ ဘီလီယံရှိခဲ့ရာမှ ယခုနှစ်ပထမနှစ်ဝက်တွင် ယူရို ၂.၇ ဘီလီယံ အထိကျဆင်းသွားကြောင်း၊ ယင်းသို့ကျဆင်းရခြင်းမှာ အကောက်ခွန်နှုန်းထားများကြီးမြင့်လာမှု၊ ရောင်းအားကျဆင်းမှုနှင့် ဆောင်ရွက်ရသည့်အစီအမံများအတွက် ကုန်ကျစရိတ်များမြင့်တက်လာမှုတို့ကြောင့်ဖြစ်ကြောင်း၊ Mercedes- Benz အုပ်စုတစ်ခုလုံးအတွက် ယခုနှစ်တစ်နှစ်တာအတွက် ဝင်ငွေသည် ယမန်နှစ်ကထက် သိသာစွာကျဆင်းလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကုမ္ပဏီ၏ဖော်ပြချက်အရ သိရှိရပါသည်။
Source: https://p.dw.com/p/4yEEx
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)