ဂျာမန်အစိုးရသည် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ယူရို ၁၂၆.၇ ဘီလီယံနှင့် ချေးငွေယူရို ၁၇၄.၃ ဘီလီယံတို့အတွက် အစီအမံများပါဝင်သော ၂၀၂၆ ခုနှစ် ဘတ်ဂျက်မူကြမ်းကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့အတည်ပြုပြီးနောက် ၂၀၂၇ ခုနှစ်မှစတင်၍ သိသာထင်ရှားသောခြိုးခြံခြွေတာမှုများ ဆောင်ရွက်ရန်လိုအပ်လာနိုင်ဖွယ်ရှိသည်ဟူသော ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil ၏သတိပေးချက်များထွက်ပေါ်လာခဲ့ပါကြောင်း၊ တစ်ချိန်တည်းတွင် ဂျာမန်စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ၀.၁ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်ဟု The Federal Statistics Office(Destatis)က ကနဦးအချက်အလက်များထုတ်ပြန်လာခဲ့ကြောင်း၊ ဂျာမန်အစိုးရအဖွဲ့ကအတည်ပြုခဲ့သော ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil ၏ ၂၀၂၆ ခုနှစ် ဘတ်ဂျက်မူကြမ်းတွင် အသုံးစရိတ် ယူရို(၅၂၀.၅)ဘီလီယံပါဝင်ပါကြောင်း၊ ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီ၏စီးပွားရေးကို ပြန်လည်အသက်သွင်းရန်၊ သက်တမ်းရင့်အခြေခံအဆောက်အအုံများကို ပြန်လည်ခေတ်မီစေရန်နှင့် စစ်အသုံးစရိတ်ကိုမြှင့်တင်ရန်တို့အတွက် ဆယ်စုနှစ် များစွာဆောင်ရွက်ခဲ့သော ဘဏ္ဍာရေးဆိုင်ရာရှေးရိုးစွဲလုပ်ဆောင်ချက်များမှ ရုန်းထွက်နေပြီဖြစ်ကြောင်း DW သတင်းပါဖော်ပြချက်များအရ သိရှိရပါသည်။
Source: https://www.dw.com/en/germany-updates-cabinet-approves-2026-draft-budget/live-73459584
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)