China (Kunming)

တရုတ်–အာရှအလယ်ပိုင်းဒေသကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်လွန်၊ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာကြောင်း ပြသ

Last Updated:

တရုတ်နိုင်ငံနှင့် အာရှအလယ်ပိုင်းဒေသ နိုင်ငံ ၅ နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာဘီလီယံ ၁၀၀ ကျော်လွန်ခဲ့ပြီး ယင်းသည် တရုတ်–အာရှအလယ်ပိုင်းဒေသ (China-Central Asia)မိတ်ဖက်ဆက်ဆံရေး၏သမိုင်းတွင် မှတ်တိုင်သစ်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂိုကျာခွန်(Guo Jiakun) က ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ဖြေကြားရာတွင် ဂိုကျာခွန်က အကောက်ခွန်စာရင်းအချက်အလက်များကို ကိုးကား၍ ယင်းအောင်မြင်မှုကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာကုန်သွယ်ရေးစနစ်သည် ပြင်းထန်သော စိန်ခေါ်မှုများကို ကြုံတွေ့နေရပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှေးကွေးနေသည့် အခြေအနေအတွင်းတွင်ပင် တရုတ်နိုင်ငံနှင့် အာရှအလယ်ပိုင်းဒေသအကြား စီးပွား ရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတို့သည် တိုးတက်လာခဲ့ကြောင်း ဂိုကျာခွန်က ပြောကြားခဲ့သည်။

ဂိုကျာခွန်၏ပြောကြားချက်အရ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်လွန်နိုင်ခြင်းသည် တရုတ်–အာရှအလယ်ပိုင်းဒေသပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မာသောအရှိန်အဟုန်ကို ပြသနေသည့်အပြင် တရုတ်–အာရှအလယ်ပိုင်းဒေသယန္တရား(mechanism)၏ ဦးဆောင်မှုအခန်းကဏ္ဍကိုလည်းဖော်ပြနေသဖြင့် တရုတ်–အာရှအလယ်ပိုင်းဒေသပူးပေါင်းဆောင်ရွက်မှုတွင် မှတ်တိုင်သစ်တစ်ခုဖြစ်လာခဲ့သည်။

၂၀၂၅ ခုနှစ်တစ်လျှောက်လုံးတွင် တရုတ်နှင့် အာရှအလယ်ပိုင်းဒေသနိုင်ငံများအကြား ဆက်ဆံရေးသည် အလျင် အမြန်တိုးတက်လာခဲ့ပြီး တရုတ်–အာရှအလယ်ပိုင်းဒေသယန္တရားစနစ်ကို ပိုမိုခိုင်မာစေခဲ့ကြောင်းနှင့် Belt and Road ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်စွာတိုးတက်လာခဲ့သကဲ့သို့ ခင်မင်ရင်းနှီးသော ဖလှယ်မှုများကြောင့် နှစ်ဘက်ပြည်သူများအကြား နီးစပ်မှုပိုမိုတိုးလာခဲ့ကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် ဒုတိယအကြိမ်မြောက် တရုတ်–အာရှအလယ်ပိုင်းဒေသထိပ်သီးအစည်းအဝေး၏ အောင်မြင်မှုများကြောင့် နှစ်ဘက်အကြား အရည်အသွေးမြင့်ပူးပေါင်းဆောင်ရွက်မှုအဆင့်သစ်တစ်ခုသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း ဂိုက ထပ်မံပြောကြားခဲ့သည်။

သမိုင်းဝင်အစပြုချက်အသစ်တစ်ခုတွင် တရုတ်နိုင်ငံသည် အာရှအလယ်ပိုင်းဒေသနိုင်ငံများနှင့် အတူပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေပြီး ယခုရှိနေသည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန်၊ တရုတ်–အာရှအလယ်ပိုင်းဒေသစိတ်ဓာတ်(China-Central Asia spirit)ကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်၊ တရုတ်–အာရှအလယ်ပိုင်းဒေသယန္တရားစနစ်(China-Central Asia mechanism)ကို ခိုင်မာစေရန်၊ နယ်ပယ်အမျိုးမျိုးတွင် ဆန်းသစ်တီထွင်မှုဦးဆောင်သည့် အရည်အသွေးမြင့်ပြီး အကျိုးရလဒ်အလေးထားသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် မျှော်မှန်းထားကြောင်းနှင့် အနာဂတ်တွင် တရုတ်–အာရှအလယ်ပိုင်းဒေသလူမှုအသိုက်အဝန်းကို ပိုမိုနီးစပ်စွာတည်ဆောက်သွားမည်ဟု ကတိပြုကြောင်း ဖော်ပြခဲ့သည်။

အရင်းမြစ်။ https://news.cgtn.com/news/2026-01-19/MOFA-China-Central-Asia-trade-tops-100-bn-showing-deepening-ties-1K449jpu7Ys/p.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)