Thailand

ထိုင်းနိုင်ငံအစိုးရသည် အမေရိကန်မှ Liquefied Natural Gas (LNG) ပိုမိုဝယ်ယူရန် ရည်ရွယ်ထား

Last Updated:

ထိုင်းနိုင်ငံအစိုးရသည် ၅ နှစ်အတွင်း အမေရိကန်မှ Liquefied Natural Gas(LNG)ကို နှစ်စဉ်တန်ချိန် ၁ သန်းမှ ၂.၂ သန်းထိ တိုးမြှင့် ဝယ်ယူသွားရန် ရည်ရွယ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ပြောကြားချက်အရ သိရှိရပါသည်။

ယင်းသို့ဆောင်ရွက်ခြင်းသည် ထိုင်းနိုင်ငံမှ သွင်းကုန်များအပေါ် ၃၆ ရာခိုင်နှုန်းအခွန်တိုးမြှင့်ခြင်းအပေါ် အမေရိကန်အနေဖြင့် ဖြတ်တောက်ပေးနိုင်ရေး မျှော်လင့်ချက်ဖြင့် ကုန်သွယ်မှုပိုငွေကို လျှော့ချသွားမည့် အစိုးရ၏အစီအစဉ်များထဲမှ တစ်ခုပင်ဖြစ်ကြောင်း၊ အစိုးရစက်သုံးဆီနှင့် ဓာတ်ငွေ့ကုမ္ပဏီဖြစ်သော PTT သည် ၁ နှစ်လျှင် LNG တန်ချိန် ၁ သန်းအတွက် အမေရိကန်ဖြန့်ဖြူးသူနှင့် ၁၅ နှစ်စာချုပ်ချုပ်ဆိုထားပြီး ၂၀၂၆ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် စွမ်းအင်စက်ရုံများနှင့် အခြားအသုံးပြုမှုများအတွက် ၁ နှစ်လျှင် LNG တန်ချိန် ၁၀ သန်းတင်သွင်းလျက်ရှိပြီး အရှေ့အလယ်ပိုင်းမှအများဆုံးဖြစ်ကြောင်း၊ထိုင်းနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့၏ ၆၀ ရာခိုင်နှုန်းသည် တင်သွင်းလာခြင်းဖြစ်ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ရွှေ့ဆိုင်းထားသော အမေရိကန်နှင့်ကုန်သွယ်ရေးညှိနှိုင်းမှုစတင်ပါက အခြားသောအဆင့်များကိုလည်း ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ အမေရိကန်နှင့်ကုန်သွယ်ရေးမမျှတမှုကို သက်သာရန်အတွက် ထိုင်းငွေကြေးကို ကစားမည်မဟုတ်ကြောင်း၊ ညှိနှိုင်းသူ များက ပင်ရင်းသက်သေခံလက်မှတ်အတုများဖြင့် တင်ပို့နေသောပြဿနာကိုဖြေရှင်းရန် အဆိုပြုလွှာများကောက်နုတ်ထားပါကြောင်း၊ အမေရိကန်သို့ တင်ပို့သည့်ကုန်စည်များတွင် ထိုင်းပြည်တွင်းထုတ် အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံစီးပွားရေးသည် အခွန်အပြောင်းအလဲကြောင့် အခက်အခဲ(air pockets)များကို ယာယီကြုံတွေ့နေရသော်လည်း အနီး ကပ်ဆုံးချိန်ညှိနိုင်ရေးဆောင်ရွက်နေကြောင်း ဝန်ကြီးက သုံးသပ်ပြောကြားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand