Japan

ဂျပန်နိုင်ငံမှ အမဲသားကို တရုတ်နိုင်ငံမှ ပြန်လည်တင်သွင်းခွင့်ပြုတော့မည်

Last Updated:

ဂျပန်နိုင်ငံမှ အမဲသားကို တရုတ်နိုင်ငံမှ ပြန်လည်တင်သွင်းခွင့်ပြုရန်အတွက်လိုအပ်သည့် နှစ်နိုင်ငံသဘောတူညီချက်မှာ ၁၁-၇- ၂၀၂၅ ရက်နေ့တွင် အသက်ဝင်ခဲ့ကြောင်း ၁၁-၇-၂၀၂၅ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “China to resume Japanese beef imports” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ဂျပန်နိုင်ငံတွင် နွားရူးရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ၂၀၀၁ ခုနှစ်တွင် ဂျပန်နိုင်ငံမှ အမဲသားကို တင်သွင်းခွင့်ဆိုင်းငံ့ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံအကြား တိရစ္ဆာန်ကျန်းမာရေးနှင့် ရောဂါထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ သို့သော် အဆိုပါစာချုပ်အသက်ဝင်စေရေးအတွက် တရုတ်နိုင်ငံဘက်မှ လုပ်ထုံးလုပ်နည်းများနှောင့်နှေးကြန့်ကြာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံအကြား တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးနေဆဲဖြစ်သည့် အတွက် ဂျပန်နိုင်ငံမှ အမဲသားများကို အမှန်တကယ်တင်သွင်းခွင့်ပြုရန်အတွက် လိုအပ်နေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ အမဲသားများကို တင်သွင်းခွင့်ပြုရန်အတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး အီဝါယာတာကေးရှိနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ မလေးရှားနိုင်ငံ၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan