ရုရှားအစိုးရသည် ရုရှားနိုင်ငံမှ ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် အထိ သက်တမ်းတိုးခဲ့ကြောင်း သိရှိရသည်။
ရာသီအလိုက်၀ယ်လိုအားများဆက်လက်တည်ရှိနေသည့်ကာလအတွင်း လောင်စာဆီဈေးကွက်တွင် တည်ငြိမ်သောအခြေအနေကို ထိန်းသိမ်းရန်နှင့် ရေနံသန့်စင်စက်ရုံများတွင် စီစဉ်ထားသော ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက် ယင်းဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြောင်း အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
ယင်းတားမြစ်ချက်သည် ရုရှားမှ ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်နိုင်ငံများနှင့် အစိုးရချင်းသဘောတူညီချက်ဖြင့် အခြားပြည်ပနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက်တင်ပို့သည့် လောင်စာဆီများအပေါ် အကျုံးဝင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
သြဂုတ်လ ၉ ရက်အထိ ရုရှားစွမ်းအင်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ရုရှားနိုင်ငံသည် ဓာတ်ဆီအရန်တန်ချိန် ၂.၀၃ သန်းသိုလှောင်ထားပြီး ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချမှုသည် ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရှိရသည်။
ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန် ရုရှားအစိုးရသည် ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ကျင့်သုံးလျက်ရှိသဖြင့် အဆိုပါကန့်သတ်ချက်ကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများမြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများမှ သုံးသပ်ထားပါသည်။
Source : https://tass.ru/ekonomika/21601005
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)