Russia

ရုရှားနိုင်ငံသည် ကုန်စည်အချို့ကို လိုက်လျောညီထွေရှိသော ပို့ကုန်ခွန်များ သတ်မှတ်မည်

Last Updated:

ရုရှားအစိုးရသည် ပြည်တွင်းဈေးကွက်ကို ကာကွယ်ရန်အတွက် ကုန်စည်အချို့အပေါ် လိုက်လျောညီထွေရှိသော ပို့ကုန်ခွန်များကို သတ်မှတ်ထားကြောင်း ဝန်ကြီးများရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့သည် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ရူဘယ်ငွေလဲနှုန်းနှင့် ချိတ်ဆက်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်သည် ယာယီဖြစ်ပြီး ၂၀၂၄ နှစ်ကုန်အထိ အသက်ဝင်မည်ဖြစ်ကာ ပြည်တွင်းဈေးကွက်ကို ကာကွယ်ရန် ရည်ရွယ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတူညီသော ထုတ်ကုန်အမျိုးမျိုးအတွက် ပို့ကုန်ခွန်ပမာဏသည် ၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကွဲပြားမည်ဖြစ်ကြောင်း၊ အခြေခံအားဖြင့် နိုင်ငံတော်သုံးငွေ၏ ငွေလဲနှုန်းအပေါ်မူတည်၍ အခွန်သည် ၄ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိရှိမည်ဖြစ်ပြီး “တစ်ဒေါ်လာလျှင် ရူဘယ် ၈၀ နှင့်အောက်သည် သုညဖြစ်လိမ့်မည်"ဖြစ်ကြောင်း၊ ဓာတ်မြေသြဇာအတွက် အခွန်သည် ရူဘယ်ငွေလဲနှုန်းပေါ်မူတည်၍ ၁၀ ရာခိုင်နှုန်းအထိရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဖော်ပြထားသော စာရွက်စာတမ်းများအရ တစ်ဒေါ်လာလျှင် ရူဘယ် ၈၀ နှင့် ၈၅ အကြား ငွေလဲနှုန်းတွင် အခွန်သည် ၄ ရာခိုင်နှုန်း၊ ရူဘယ် ၈၅ နှင့် ၉၀ အကြား ငွေလဲနှုန်းတွင် ၄.၅ ရာခိုင်နှုန်း၊ ရူဘယ် ၉၀ နှင့် ၉၅ အကြား ငွေလဲနှုန်းတွင် ၅.၅ ရာခိုင်နှုန်းနှင့် ရူဘယ် ၉၅ နှင့်အထက် ငွေလဲနှုန်းတွင် ၇ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါအစီအမံများသည် ကုန်ပစ္စည်းတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုအကြား မျှတသော အချိုးအစားကို ထိန်းသိမ်းရန်ဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် တရားမျှတမှုမရှိသော ဈေးနှုန်းများမြင့်တက်မှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်သော်လည်း ရုရှားနိုင်ငံမှတင်ပို့သော ဓာတ်မြေသြဇာများ၏ ဈေးနှုန်းများသည် မြင့်တက်လာနိုင်ကြောင်း သုံးသပ်ရပါသည်။

Source : https://tass.com/economy/1678641

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

Category: Russia