Thailand

၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးတွင် ပိုမိုရှုပ်ထွေးလာနိုင်သော်လည်း ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းများကို တွေ့မြင်နေရကြောင်း ထိုင်းနိုင်ငံ နိုင်ငံတကာကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု(International for Trade and Development - ITD) က သုံးသပ်ပြောကြားခဲ့

Last Updated:

၂၀၂၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည် ပထဝီနိုင်ငံရေးတင်းမာမှုများ၊ အကာအကွယ်ပေးရေးမူဝါဒများ၊ ပိုမိုတင်းကျပ်သောပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များပြောင်းလဲခြင်းကြောင့် ပိုမိုရှုပ်ထွေးလာမည်ဟု မျှော်လင့်ရသော်လည်း ကွဲပြားနေသောကမ္ဘာတွင်ရှိနေသည့် အိမ်နီးချင်းနိုင်ငံများနှင့် တောင်အာရှတို့တွင် အခွင့်အလမ်းများရှိနေဆဲဖြစ် ကြောင်း နိုင်ငံတကာကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု (ITD)၏ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းစီးပွားရေးလုပ်ငန်းများရင်ဆိုင်နေရသောစိန်ခေါ်မှုများသည် အကောက်ခွန်ထက်များစွာကျော်လွန်နေကြောင်း၊ဥရောပသမဂ္ဂ၏ ကာဗွန်နယ်စပ်ချိန်ညှိမှုယန္တရား(CBAM)ကဲ့သို့သော ရေရှည်တည်တံ့မှုနှင့် ဆက်စပ်သော ကုန်သွယ်ရေးစည်းမျဉ်းအသစ်များအပြင် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းနှင့် ဥာဏ်ရည်တုတို့‌သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပြန်လည်ပုံဖော်လျက်ရှိကြောင်း၊  စိန်ခေါ်မှုများရှိနေသော်လည်း ထိုင်းနိုင်ငံ၏ပြန်လည်ထူထောင်နိုင်စွမ်းကိုအခြေခံသည့် အပြုသဘောဆောင်သောအချက်များကို ထောက်ပြလိုကြောင်း၊ ထိုင်းနိုင်ငံသည် မတည်ငြိမ်သော ကမ္ဘာကြီးတွင် ခိုင်မာသည့် စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ရေးအခြေခံရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက နိုင်ငံ၏တည်ငြိမ်မှုနှင့် လုံခြုံမှုကို တွေ့မြင်ကြသော်လည်း ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များနှင့် ပေါင်းစည်းပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏စီးပွားရေးသည် အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နှေးကွေးသောနှုန်းဖြင့်ကြီးထွားလာမည်ဟု မျှော်လင့်ထားပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ အစိုးရမူဝါဒများမတည်မငြိမ်ဖြစ်မှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုတည်ဆောက်ရာ တွင်စိန်ခေါ်မှုများရှိကြောင်း၊ ထိုင်းနိုင်ငံ၏ GDP ၏ ၃၅ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)သည် အထူးသဖြင့် ထိခိုက်လွယ်နေဆဲဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာများကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်ခြင်းရှိ၊ မရှိ၊ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလာခြင်းနှင့် ရေရှည်စီမံကိန်းရေးဆွဲရန်အတွက် နက်ရှိုင်းသော ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အချက် အလက်မရှိခြင်းတို့ကြောင့် SME အများအပြားသည် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများနှင့် ရင်ဆိုင်ရလေ့ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ SME များအတွက် အခွင့်အလမ်းများစွာရှိသော်လည်း CBAM ကဲ့သို့သောကုန်သွယ်ရေးစည်းမျဉ်းသစ်များကြောင့် အကန့် အသတ်များနှင့် ရင်ဆိုင်နေရကြောင်း၊ SME များအား ၎င်းတို့၏ စီးပွားရေးအစီအစဉ်များကို အားကောင်းစေရန်နှင့် ပို့ကုန်အခွင့် အလမ်းများအတွက် ၎င်းတို့၏ back-end စနစ်များကို မြှင့်တင်ရန်အတွက် ကိရိယာများတပ်ဆင်ပေးရန် ရည်ရွယ်ပါကြောင်း၊  SME များသည် ရေတိုပြဿနာများအပေါ်တွင်သာ အာရုံစိုက်နိုင်သော်လည်း ၎င်းတို့သည် ထောက်ပံ့ရေးကွင်းဆက်များကို ခြေရာခံရန်၊ ကုန်သွယ်ရေးစည်းမျဉ်းအသစ်များကို နားလည်ရန်နှင့် စည်းမျဉ်းတိုင်းကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရန် သင်ယူရမည်ဖြစ်ကြောင်း၊ ITD သည် ထောက်လှမ်းရေးဗဟိုချက်တစ်ခုအဖြစ် အတွေးအမြင်များပေးအပ်ရန်၊ ဖိုရမ်များမှတစ်ဆင့် သက်ရောက်မှုများ ဖန်တီးရန်နှင့် အခြားနိုင်ငံများနှင့် ချိတ်ဆက်ခြင်းဖြင့် ပေါင်းစည်းမှုကို မြှင့်တင်ရန် စီစဉ်ထားပါကြောင်း Sup-hakit က သုံးသပ်အကြံပြုထားပါသည်။

ကွဲပြားနေသော ကမ္ဘာကြီးကြားတွင် အိမ်နီးချင်းနိုင်ငံများနှင့် တောင်အာရှတွင် အခွင့်အလမ်းများနှင့် အလားအလာရှိသော ဈေးကွက်များရှိကြောင်း၊ အင်စတီကျုသည် ကုန်သွယ်ရေးအစီအမံများအလျင်အမြန်တိုးချဲ့နေသည့် ကမ္ဘာ့တောင်ပိုင်းနှင့် နိုင်ငံ တကာပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်လျက်ရှိပါကြောင်း၊ထိုင်းနိုင်ငံသို့ ထုတ်ကုန်အသစ်များဝင်ရောက်လာခြင်းသည် သက်သေဖြစ်ပြီး တရုတ်နိုင်ငံသည် သိသိသာသာတိုးတက်လာနေပါကြောင်း၊  အာဆီယံနှင့် တောင်အာရှတစ်လွှားတွင် အခွင့်အလမ်းများစွာရှိကြောင်း၊ ၂၀၂၆ ခုနှစ်အတွက် ITD သည် ၎င်း၏ flagship အရှေ့တောင်အာရှကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို တိုးချဲ့ရန်စီစဉ်ထားပြီး အစိမ်းရောင်ဘဏ္ဍာရေးနှင့် ဒီဂျစ်တယ်ကဏ္ဍတို့နှင့်စပ်လျဉ်း၍ အမြင်များမျှဝေပေးရန် နိုင်ငံတကာမှပညာရှင်များနှင့်မူဝါဒချမှတ်သူများကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ITD ၏ ပညာရေးဆိုင်ရာ ဒုတိယအမှုဆောင်ဒါရိုက်တာ Wimon Punkong က ပြောကြားခဲ့သည်။

SME များသည် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သည် ရန်ပုံငွေများကိုရယူပြီး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကတစ်ဆင့် နယ်နိမိတ်မဲ့ကုန်သွယ်မှုကိုလက်ခံစေချင်ပါကြောင်း၊ ITD သည် အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေ နေကြောင်း၊  အင်ဒိုနီးရှားနိုင်ငံ၏ဟာလာလ်အစားအစာမဟာဗျူဟာကို နားလည်ရန်၊ မလေးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ်ဗဟိုချက်များကိုမြှင့်တင်ပေးသည့် မူဝါဒများအကြောင်း လေ့လာရန်ပူးပေါင်းဆောင်ရွက်လိုပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုစလုံးက မည်သို့လုပ်ဆောင်နိုင်သည်ကို လေ့လာရန် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ITD သည် ရေရှည်တည်တံ့သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒစာတမ်းများ ထုတ်လုပ်ရန်အတွက် သုတေသီများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်သူများ၏ ကွန်ရက်များတည်ဆောက်ရန်ရည်ရွယ်ထားပြီး ယင်းစာတမ်းများကို အစိုးရသစ်ထံ တင်ပြသွားမည်ဖြစ်ကြောင်း Mr. Wimon က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand