Germany

လေကြောင်းလိုင်းအကြီးအကဲနှင့်  ပြည်သူအများအခြေအတင်ဖြစ်နေမှုများအကြား Elon Muskက  Ryanair ကို ဝယ်ယူရန် စဉ်းစားနေ

Last Updated:

တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သော Ryanair ၏အကြီးအကဲဖြစ်သူ Michael O'Leary နှင့် လေယာဉ်စီးနင်းသူပြည်သူများအကြား အခြေအတင်ကတောက်ကဆများဖြစ်ပွားနေချိန်တွင် အမေရိကန်မှ နည်းပညာလုပ်ငန်းရှင် Elon Musk သည် အဆိုပါလေကြောင်းလိုင်းကို ဝယ်ယူရန်ဆောင်ရွက်နေသည့် သတင်းထွက်ပေါ်လာခဲ့ပါသည်။

Musk သည်  ၎င်းပိုင်ဆိုင်သော social media platform ဖြစ်သည့် X တွင်  follower များအား ၎င်းအနေဖြင့် Ryanair ကို ဝယ်ယူရန်သင့်-မသင့်နှင့်ဝယ်ယူဖြစ်ပါက အမည်ရခဲ့ပြီးသား Ryan ဆိုသောအမည်ကို ပြန်လည်ထားရှိသင့်-မသင့်နှင့်စပ်လျဉ်းသည့်အများဆန္ဒကို မေးမြန်းသည့် poll တစ်ခုကို လွှင့်တင်ခဲ့ကြောင်း၊ ယင်း Poll တွင် ပါဝင်သူပေါင်း(၉၀၀,၀၀၀)ကျော်ရှိခဲ့ပြီး၊  အများစုမှာ သဘောတူထောက်ခံထားကြသော်လည်း Ryanair အနေဖြင့်မူ ချက်ချင်းတုံ့ပြန်ထားမှုမရှိကြောင်း၊ Musk ကမူ ဥရောပ၏အကြီးဆုံးလေကြောင်းလိုင်းဖြစ်သော Ryanair ကို ဝယ်ယူမည့်ကိစ္စအား ယခုအချိန်အထိ ရက်အနည်းငယ်ကြာအဆိုပြုထားခဲ့ကြောင်း သိရှိရပါသည်။

လေယာဉ်ခရီးစဉ်များတွင် wifi အသုံးပြုမှုနှင့်ပတ်သက်သည့် ဘီလီယံနာ၏ အကြံပြုချက်သည် ယင်းအိုင်ယာလန်လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် O'Leary နှင့်ဆွေးနွေးမှုများအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါ သည်။ Musk ၏ Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို ၎င်း၏လေယာဉ်များတွင် wifi ဖြင့် တပ်ဆင်အသုံးပြုရန်ကိစ္စအား အိုင်ယာလန်ရေဒီယို Newstalk နှင့် အင်တာဗျူးတစ်ခုတွင် O'Leary က ငြင်းဆိုခဲ့ကြောင်းကို ဖော်ပြထားခဲ့ပါသည်။

လေကြောင်းလိုင်းအကြီးအကဲက လေယာဉ်၏ဝေဟင် antenna သည် ဂြိုလ်တုကို ဖမ်းယူရန် လေယာဉ်ဆီပိုမိုလောင်ကျွမ်းရမည်ဖြစ်၍ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း(၂၅၀)ခန့်(ယူရို ၂၁၃ သန်းခန့်)ပိုမိုကုန်ကျနိုင်ကြောင်းခန့်မှန်းထားခဲ့ပြီး ယင်းကုန်ကျမှုနှင့်စပ်လျဉ်း၍ Ryanair ၏ခရီးသည်များအနေဖြင့် အင်တာနက်သုံးစွဲရခြင်းအပေါ် ကုန်ကျငွေပေးရန် ဆန္ဒရှိမည်မဟုတ်ကြောင်းပြောကြားထားခဲ့ပါသည်။

အဆိုပါကိစ္စရပ်သည် အိုင်ယာလန်လေကြောင်းလိုင်း၏အမှုဆောင်အရာရှိချုပ် O'Leary ၊ Musk နှင့် Tesla အကြီး အကဲတို့အကြား လူသိရှင်ကြားအငြင်းပွားမှုတစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပြီး Musk က O'Leary ကို ရာထူးမှ ထုတ်ပယ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ Musk အနေဖြင့် ယခုအချိန်တွင် X ဟု လူသိများသော Twitter ကို ဝယ်ယူခဲ့စဉ်ကလည်း အံ့အားသင့်စရာကောင်းသော ကမ်းလှမ်းချက်တစ်ခုနှင့်စတင်ခဲ့ကြောင်း ဖော်ပြချက်အရ သိရှိရပါ သည်။

ယခုအချိန်တွင် Ryanair ၏ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံနီးပါးခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Source:         https://www.dw.com/en/ryanair-elon-musk-purchase-poll/a-75586269

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany