Germany

ဂျာမနီတွင် ဘီယာချက်စက်ရုံမှ စွန့်ပစ်ပစ္စည်းများကို သက်သတ်လွတ်အသားအဖြစ် အစားထိုးရန် စတင်ဆောင်ရွက်နေ

Last Updated:

ဂျာမနီတွင် ဘီယာသောက်သုံးမှုများကျဆင်းလာသည်နှင့်အမျှ ဘီယာချက်စက်ရုံများသည် စီးပွားရေးပုံစံအသစ်များကို ရှာဖွေလာကြကြောင်း၊  ဘောလ်တစ်ပင်လယ်ကမ်းရိုးတန်းရှိ Störtebeker ဘီယာချက်စက်ရုံသည် မုယော စပါးဖြင့် ဘီယာချက်လုပ်ခြင်းမှ ကျန်ရှိထွက်ပေါ်လာသော ကောက်နှံအကျန်များကို သက်သတ်လွတ်အသားအစားထိုးအဖြစ် စားသုံးရန်ရည်ရွယ်သည့် Eat Beer ဟု အမည်ရသော လုပ်ငန်းအသစ်တစ်ခုကို စတင်ရန် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

ယင်းလုပ်ငန်းသည် သက်သတ်လွတ် nuggets နှင့် ဝက်အူချောင်းများကဲ့သို့သော ထုတ်ကုန်များအတွက် ပရိုတင်းကြွယ်ဝသော အခြေခံပစ္စည်းများအဖြစ် ဘီယာချက်စက်ရုံမှ ကောက်နှံများကို ကမာကောင်ပုံစံမှိုများနှင့်ပေါင်းစပ်၍ ပြုလုပ်ရန်ရည်ရွယ်ထားကြောင်း၊ စွမ်းအင်ကုန်ကျစရိတ်များမြင့်တက်လာပြီး အမြတ်အစွန်းများကျဆင်းလာကြသည့်အနေအထားတွင် အခြားသောဘီယာချက် စက်ရုံများ၏စိတ်ဝင်စားမှုသည်လည်း မြင့်တက်လာနေကြောင်း၊ ဥရောပသမဂ္ဂမှ ယင်းကိစ္စအပေါ် ခွင့်ပြုချက်ကို ဆိုင်းငံ့ထားဆဲဖြစ်သော်လည်း စက်မှုလုပ်ငန်းတစ်ခုအနေဖြင့် စမ်းသပ်ဆောင်ရွက်မည့်နေရာများကိုပါ  တိုးချဲ့သွားရန်အစီအစဉ်များရှိနှင့်ပြီးဖြစ်ကြောင်း၊ အဆိုပါ start up သည် ဘီယာချက် လုပ်ငန်းများ၏ကျွမ်းကျင်မှုမှသည် ပြောင်းလဲနေသောစျေးကွက်များနှင့်လိုက်လျောညီထွေဖြစ်စေမည့် စက်မှုလုပ်ငန်းများအထိ ဆောင်ရွက်သွားနိုင်သည်ကို မီးမောင်းထိုးပြနေကြောင်း ဖော်ပြထားပါသည်။

Source:         https://www.dw.com/en/eat-beer-vegan-meat-from-brewery-waste/video-75583085

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany