USA

ကမ္ဘာ့ကုန်စည်ပြပွဲ ၂၀၃၅ ကို အမေရိကန်နိုင်ငံ၌ လက်ခံကျင်းပလိုကြောင်း သမ္မတထရမ့်က ပြောကြားခဲ့

Last Updated:

အမေရိကန်သမ္မတထရမ့်က “ကမ္ဘာ့ကုန်စည်ပြပွဲ ၂၀၃၅(World Expo 2035)ကို အမေရိကန်နိုင်ငံ၌ လက်ခံကျင်းပခွင့်ရရှိရေးယှဉ်ပြိုင်သွားရန်ရည်ရွယ်ချက်ရှိသည်ဟု ကြေညာကြောင်း၊ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က ယင်းကမ္ဘာ့ကုန်စည်ပြပွဲ ၂၀၃၅ ကို လက်ခံကျင်းပရန် စိတ်ဝင်စားပြီး ယင်းသို့ကျင်းပခွင့်ရပါက အမေရိကန်နိုင်ငံရွှေခေတ်၏ မှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ဇာတိ နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယိုအား ယင်းကုန်စည်ပြပွဲနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရန်ခန့်အပ်ကြောင်း၊ကုန်စည်ပြပွဲကျင်းပခြင်းကြောင့် အမေရိကန်နိုင်ငံ၌ အလုပ်အကိုင်များဖန်တီးနိုင်မည်ဖြစ်ကာ စီးပွားရေးတိုးတက်မှုတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ထပ်ပေါင်းနိုင်မည်ဖြစ်ကြောင်း၊ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပွဲ(2026 FIFA World Cup)နှင့် ၂၀၂၈ ခုနှစ်၊ လော့စ်အိန်ဂျယ်လစ်နွေရာသီအိုလံပစ်ပြိုင်ပွဲ(2028 LA Summer Olympics)တို့ကို အမေရိကန်နိုင်ငံ၌ ကျင်းပခွင့်ရရှိရေး ကြိုးပမ်းခဲ့ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ (၄၇)ဦးမြောက်သမ္မတအဖြစ် အမေရိကန်နိုင်ငံ နှစ်(၂၅၀)ပြည့်အထိမ်းအမှတ်(America 250) အခမ်းအနား၊ ဂျီ-၂၀(G20 Doral) နှင့် ဂျီ-၇(G7) အစည်း အဝေးတို့ကို လက်ခံကျင်းပခွင့်ရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း” ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ရေးသားဖော်ပြခဲ့ပါသည်။  

https://truthsocial.com/@realDonaldTrump/posts/115940444095244586

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA