အမေရိကန်သမ္မတထရမ့်သည် Greenland အပေါ် ထိန်းချုပ်ခွင့်ရရှိရေးနှင့်ပတ်သက်၍ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံများမှ အမေရိကန်နိုင်ငံသို့ တင်ပို့ သည့်သွင်းကုန်များအပေါ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ရေးသားဖော်ပြခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် “နေတိုး(NATO)အတွင်းရေးမှူးချုပ် Mark Rutte နှင့်တွေ့ဆုံဆွေးနွေးမှုအရ Greenland အပါအဝင် အာတိတ်ဒေသတစ်ခုလုံးနှင့်ပတ်သက်သည့် အပေးအယူမူဘောင်ကို ပြုလုပ်ခဲ့ကြောင်း၊ ဤဆွေးနွေးမှုရလဒ်သည် အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံအားလုံးအတွက် ကောင်းမွန်သည့် ကိစ္စရပ်တစ်ခုဖြစ် ကြောင်း၊ ထို့ကြောင့် ယင်းသို့နားလည်မှုရရှိသည့်အပေါ်အခြေခံ၍ ဥရောပနိုင်ငံများအပေါ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ကောက်ခံမည့် သွင်းကုန်ခွန်ကို ကောက်ခံတော့မည်မဟုတ်ကြောင်း၊ Greenland နှင့်ပတ်သက်သည့် Golden Dome ကိစ္စကိုလည်း ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးမှု၏တိုးတက်ဖြစ်ပေါ်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း မျှဝေသွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှ ဒုတိယသမ္မတဂျေ၊ ဒီ၊ ဗင့်စ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အထူးကိုယ်စားလှယ်တို့က ယင်းကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန် တာဝန်ပေးထားကြောင်း”ဖြင့် ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ထပ်မံရေးသားဖော်ပြခဲ့ပါသည်။
https://truthsocial.com/@realDonaldTrump/posts/115934734335579278
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)