ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနသည် ဘတ်ဂျက်စည်းမျဉ်းအရ မေလတွင်စတင်ကာ ပြည်တွင်းဈေးကွက်တွင် ငွေကြေးနှင့် ရွှေဝယ်ယူမှုများပြန်လည်စတင်မည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေးအခြေအနေများ၏ တည်ငြိမ်မှုနှင့် ကြိုတင်မှန်းဆနိုင်မှုတို့ကိုတိုးမြှင့်ကာ ရုရှားစီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်အပေါ် မတည်ငြိမ်သော စွမ်းအင်ဈေးကွက်အခြေအနေများ၏ သက်ရောက်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။
မတ်လနှင့် ဧပြီလအတွက် ရွှေ့ဆိုင်းထားသော ငွေလွှဲပမာဏကို 2026 ခုနှစ် မေလတွင် အရောင်းအ၀ယ်ပြုလုပ်သည့်အရွယ်အစားကို သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အရောင်းအဝယ်ပမာဏများကို ပုံမှန်အားဖြင့် လ၏တတိယမြောက်နေ့လည် ၁၂း၀၀ နာရီတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။
Source: https://www.interfax.ru/russia/
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)