ထိုင်းနိုင်ငံသည် ဒူးရင်းသီးထွက်နှုန်းအမြင့်ဆုံးရာသီတွင် ဒူးရင်းသီးပို့ကုန်များ အဆင်ပြေချောမွေ့စေရေးအတွက် Basic Yellow 2(BY2) စစ်ဆေးမှုများကို ဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဝန်ကြီး Dr. Narumon Pinyosinwat က ပြောကြားချက်အရ သိရှိရပါသည်။
လတ်ဆတ်ဒူးရင်းသီးများကို တရုတ်သို့ မတင်ပို့မီ BY2 စစ်ဆေးရန် ထိုင်းနိုင်ငံ၌ အသိအမှတ်ပြုဓာတ်ခွဲခန်း ၉ ခုကို အပြည့်အဝပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ဓာတ်ခွဲခန်း ၁၀ ခုတွင် Chachoengsao ရှိ Central Laboratory (Thailand)Co., Ltd. တစ်ခုသာ တရုတ်အစိုးရ၏ပြန်လည်အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ ဒူးရင်းသီးများတင်ပို့မှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ဝန်ကြီးဌာနအနေဖြင့် တရုတ် General Administration of Customs of the People's Republic of China(GACC)နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းတို့တွင် ဓာတ်ခွဲခန်းမှတ်ပုံတင်ခြင်း၊ နည်းပညာဆိုင်ရာသုံးသပ်ခြင်းနှင့် ပို့ကုန်အတွက် ဝန်ထမ်းထောက်ပံ့ပေးခြင်းတို့ဖြစ်ကြောင်း၊ အရေးတကြီးတောင်းဆိုချက်အရ တရုတ်သည် သက်ဆိုင်ရာနယ်စပ်စစ်ဆေးရေးဂိတ်များကို ရက်သတ္တပတ် ၇ ရက်လုံး၏ ၁ ရက်တွင် ၂၄ နာရီလည်ပတ်ရန် ညွှန်ကြားခဲ့ပါကြောင်း ဝန်ကြီး က ပြောကြားခဲ့သည်။
ပစ္စည်းအမျိုးအစားခွဲခြင်းနှင့်အကောက်ခွန်လုပ်ထုံးလုပ်နည်းများအား အရှိန်မြှင့်တင်ခြင်းကဲ့သို့သော အခြားသော လွယ်ကူချောမွေ့စေမည့် အစီအမံများကို ရှာဖွေနေပါကြောင်း၊ ယင်းဆောင်ရွက်ချက် များသည် ထိုင်းဒူးရင်းများကို တရုတ်သို့ ချောချောမွေ့မွေ့တင်ပို့နိုင်ရန်ဖြစ်ကြောင်း၊ GACC နှင့်တရုတ်အစိုးရ၏ထိုင်းပို့ကုန်များအပေါ် ဦးစားပေးခြင်း၊ စစ်ဆေးရေးဂိတ်အချိန်များတိုးမြှင့်ပေးခြင်းနှင့် စစ်ဆေးမှုစွမ်းရည်များတိုးမြှင့်ပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
Source: National News Bureau of Thailand (NNT)
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)