Thailand

အယ်လ်နီညိုနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးဆိုင်ရာ အစီအမံများ ဆောင်ရွက်ရန် မလိုအပ်သေးကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်‌ ပြောကြား

Last Updated:

ယခုနှစ်အတွင်း ပို့ကုန်နှင့်သွင်းကုန် ပစ္စည်းများတွင် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်များ သက်ရောက်မှုမရှိသေးသောကြောင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအစီအမံများ မလိုအပ်သေးကြောင်း၊ ကုန်သွယ်ရေး လုပ်ငန်းစဉ်များသည် ပုံမှန်ဖြစ်နေပါကြောင်း၊ မိုးရွာသွန်းမှုနှင့် စက်တင်ဘာနှင့် အောက် တိုဘာလများတွင် ရေရရှိမှုကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားခဲ့ပါသည်။

နောင်နှစ်တွင်လည်း မိုးခေါင်မှုအခြေအနေများကို ခန့်မှန်းထားသဖြင့် ဆက်လက်စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ လိုအပ်ပါက အစီအမံများကို စဉ်းစားသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင် အယ်လ်နီညိုသက်‌ရောက်မှုကြောင့် မိုးခေါင်လာနိုင်သည့် အချက်အလက်များအပေါ် အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရေရရှိမှု၊ စားသုံးမှုနှင့် အစားအစာ လုံခြုံမှုအတွက် အဓိကသီးနှံများဖြစ်သည့် စပါး၊ ပီလောပီနံ၊ ပြောင်းနှင့် ဆီအုန်းတို့ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းပါသည်။

ပြည်တွင်း၊ ပြည်ပ နှစ်နေရာလုံးမှ စောင့်ကြည့်ရမည့် အချက်အလက်များနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြပါကြောင်း၊ မိုးရွာသွန်းမှု၊ ရေရရှိမှုနှင့် မိုးခေါင်မှုအခြေအနေများသည် အလေးထားဆွေးနွေးခဲ့ကြသည့် အချက်များဖြစ်ကြောင်း၊ ၁ လ လျှင် ၁ ကြိမ် အစီရင်ခံစာ တင်ပြသွားရန် ဖြစ်ကြောင်း  ဆက်လက်ပြောကြားပါသည်။

အိန္ဒိယ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့ခွင့်ပိတ်ပင်လိုက်မှုအပေါ် ဗီယက်နမ်နှင့် တရုတ်တို့ကဆောင်ရွက်သည့် အစီအမံများနှင့်စပ်လျဉ်း၍ အဆိုပါ နိုင်ငံတို့ရှိ စီးပွားရေးသံမှူးများမှ တစ်ဆင့် အချက်အလက်များလက်ခံရရှိပြီး ဖြစ်ကြောင်း၊ ဆန်နှင့် လယ်ယာထွက်ကုန်များအပေါ် နိုင်ငံ အများအပြားက ဝယ်လိုအားမြင့်တက်လာသည်မမှာ မျက်မြင်ပင်ဖြစ်ကြောင်း၊ ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ထမ်းများအနေဖြင့် တောင်သူများ ထွန်ယက်စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ခြေရာခံစောင့်ကြည့်ထားရန် ဖြစ်ကြောင်း Mr. Keerati က ဖြည့်စွက် ပြောကြားပါသည်။

ယခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် နိုင်ငံနှင့်အဝှမ်းတွင် စိုက်ပျိုးမြေ ရိုင် ၁၆.၅ သန်းတွင် မိုးနည်းပါးစွာရရှိခဲ့ကြောင်း၊ ကျောက်ဖယားတစ်လျှောက် ပြည်နယ် ၂၂ ခုရှိ ရိုင် ၇.၃ သန်းတွင်လည်း သက်ရောက်ပါကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ထုတ်ပြန်ထားပါ သည်။

ယခုနှစ် နိုဝင်ဘာလ မိုးရာသီနှောင်းပိုင်းတွင် နိုင်ငံ၏ အဓိက ရေလှောင်ကန် ၃၅ ခုတွင် ရေ ပမာဏ ကုဗမီတာ ၂၂.၈ ဘီလီယံသာ ရှိနိုင်ကြောင်း တော်ဝင်ဆည်မြောင်းဦးစီးဌာနက ခန့်မှန်းထားပါ သည်။

 

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand