Thailand

ဟောင်ကောင် Developer က ထိုင်းနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေ လျက်ရှိ

Last Updated:

ဟောင်ကောင် အိမ်ရာဆောက်လုပ်သူ New World Development (NWD) က ထိုင်းနိုင်ငံရှိ ဒီဂျစ်တယ်ဘဏ္ဍာရေး၊ ဇီဝနည်းပညာနှင့် ဘတ် ၁ ထရီလီယံ ကုန်းမြေချိတ်ဆက်စီမံကိန်းတို့အပေါ် စိတ်ဝင်စားလျက်ရှိပြီး ဝန်ကြီးချုပ် Mr. Srettha Thavisin နှင့် NWD ဒုတိယဥက္ကဋ္ဌ နှင့် အကြီးတန်း အရာရှိ Mr. Adrian Cheng တို့ တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။

တွေ့ဆုံခဲ့မှုသည် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာကို အသိအမှတ်ပြုသည့်အတွက် ဝမ်းမြောက်ပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာတို့ကို ဆွေးနွေးခဲ့ကြပါကြောင်း၊ ထိုင်းနိုင်ငံ အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်မည့် ရည်မှန်းချက်များကို ချမှတ်ထားပြီး ယဉ်ကျေးမှုပြပွဲ များ၊ ပြဇာတ်များ၊ ပွဲတော်များနှင့် နိုင်ငံတကာ မော်တော်ကားပြိုင်ပွဲများကို ကျင်းပခြင်းဖြင့် နိုင်ငံခြား သား ခရီးသွားများကို ဆွဲဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

NWD အနေဖြင့် ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရ၏ ခရီးသွားများ ဆွဲဆောင်မည့် အစီအစဉ်များနှင့် ဆေးဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံအဆောက်အဦ များတွင် အလားအလာများကို အသိအမှတ်ပြုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းရှိ အခြားသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းစရရှိပါကြောင်း NWD ဒုတိယဥက္ကဋ္ဌ နှင့် အကြီးတန်းအရာရှိ Mr. Adrian Cheng က ပြောကြားခဲ့ပါသည်။

NWD သည် ထိုင်းနိုင်ငံရှိ ဒီဂျစ်တယ်ဘဏ္ဍာရေး၊ ဇီဝနည်းပညာနှင့် ဘတ် ၁ ထရီလီယံ ကုန်းမြေ ချိတ်ဆက်စီမံကိန်းတို့အပေါ် စိတ်ဝင်စားလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံရှိ ဇီဝနည်းပညာ ကုမ္ပဏီများသို့ ထုတ်ကုန်များ ရောင်းချရန်လည်း စိတ်ဝင်စားပါကြောင်း၊ ထိုင်းနိုင်ငံအစိုးရနှင့် ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ တို့က ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို NWD နှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ကျင်းပမည့် ပွဲများကြောင့် ဒေသတွင်း၌ မူပိုင်ခွင့် ပိုင်ဆိုင်မှုတန်ဖိုး တိုးတက်လာနိုင်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က သုံးသပ်ထားပါသည်။   

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand