Singapore

Regional Payment Connectivity Initiative (RPC) တွင် ဘရူနိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ ပါဝင်ပြီဖြစ်ကြောင်း စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့ (Monetary Authority of Singapore - MAS) က သတင်းထုတ်ပြန်

Last Updated:

Regional Payment Connectivity Initiative (RPC) တွင် Brunei Darussalam Central Bank (BDCB) နှင့် Bank of the Lao PDR (BOL) တို့ တရားဝင် ပါဝင်ပြီဖြစ်ကြောင်း စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore - MAS) က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် Brunei Darussalam Central Bank (BDCB) နှင့် Bank of the Lao PDR (BOL) တို့သည် Regional Payment Connectivity Initiative (RPC) တွင် တရားဝင် ပါဝင်ပြီဖြစ်ကြောင်း၊ BDCB သည် MOU on Cooperation in Regional Payment Connectivity ၏ ဒုတိယဖြည့်စွက်စာမျက်နှာများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တွင် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ BOL သည် MOU on Cooperation in Regional Payment Connectivity ၏ တတိယဖြည့်စွက်စာမျက်နှာများကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ဘရူနိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ ပါဝင်ခြင်း ဖြင့် RPC တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ဗဟိုဘဏ် ၈ ခုရှိပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်း နိုင်ငံတို့၏ ဗဟိုဘဏ်များက ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဗီယက်နမ် နိုင်ငံ ပါဝင်ခဲ့ကာ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ဘရူနိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ ပါဝင်ပြီဖြစ် ကြောင်း၊ RPC တွင် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်လာရန်လည်း မျှော်လင့်ကြောင်း၊ RPC သည် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ပိုမိုပြည့်စုံ၍ ပိုမိုပွင့်လင်း မြင်သာမှု ရှိစေရေး၊ ပိုမိုလျင်မြန်၍ သက်သာစေရေး ရည်ရွယ်ကြောင်း၊ RPC သည် ပိုမြန်သော ငွေပေးချေမှု ပုံစံများနှင့် QR code အခြေခံ ငွေပေးချေမှုတို့မှတစ်ဆင့် ဒေသတွင်း၌ ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများ ဖွံ့ဖြိုးတိုးတက်စေရေး အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်များ၏ စွမ်း ဆောင်နိုင်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးဆောင်ရွက် မှုများ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံတကာဈေးကွက်တွင် ပါဝင်နိုင်ရန် အထောက်အကူဖြစ်စေခြင်း၊ ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေခြင်း၊ အလုပ် သမားများ၏ လုပ်ခလစာများ လွှဲပြောင်းမှုကို အဆင်ပြေချောမွေ့စေခြင်းဖြင့် RPC တွင် ပါဝင်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဒေသတွင်း ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုအနေဖြင့် RPC တွင် ပါဝင် ခြင်းဖြင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ အဆင်ပြေလွယ်ကူစေမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ရင်းမြစ်။        Monetary Authority of Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore