Vietnam

ဗီယက်နမ်နိုင်ငံ၏ Lao Cai နယ်စပ်ဂိတ်သည် ၂၀၂၅ ခုနှစ် ပထမနေ့တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ‌ ၁.၆ သန်းရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတောင်တန်းပြည်နယ် Lao Cai ရှိ Kim Thanh International Road Border Gate အမှတ် ၂ မှတစ်ဆင့် ကုန်စည်ကုန်သွယ်မှု စုစုပေါင်းသည် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီ အထိ အမေရိကန်ဒေါ်လာ ၁.၆ သန်းကျော်ရှိပြီး ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၂၉,၀၀၀ နီးပါး ရရှိခဲ့ကြောင်း သိရှိရပါသည်။

Lao Cai နယ်စပ်ဂိတ် အကောက်ခွန်ဌာနခွဲမှ ဒုတိယအကြီးအကဲဖြစ်သူ Pham Văn Phúc က နှစ်သစ်ကူး ပထမနေ့တွင် တင်ပို့မှုမှာ အဓိကအားဖြင့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် နဂါးမောက်သီး၊ ဖရဲသီး၊ ဒူးရင်း၊ ပိန္နဲသီး၊ ငှက်ပျောသီး၊ ကြက်မောက်၊ သရက်သီးနှင့် ပီလောပီနံ များပါဝင်ပြီး တင်သွင်းမှုအနေဖြင့် ပန်းများ၊ အလှဆင်အပင်များနှင့် လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များ ပါဝင်ကြောင်း သိရှိရပါသည်။

 နှစ်သစ်ကူး ပထမနေ့တွင် တင်သွင်းသူနှင့် ပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးကူညီရန်အတွက် Lao Cai စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက နယ်စပ်ဂိတ်များတွင် ကုန်စည်စီးဆင်းမှု ချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန်အတွက် လုံလောက်သော လုပ်ထုံးလုပ်နည်းများထားရှိရန် ညွှန်ကြားထားကြောင်း ဖော်ပြထားပါသည်။

ပြီးခဲ့သည့်ကာလအတွင်းက Lao Cai ခရိုင်သည် ကုန်စည်စီးဆင်းမှု ချောမွေ့စေရန် အတွက် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလျှော့ချရန်၊ စီးပွားရေးလုပ်ငန်းများအား သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။

 ပြီးခဲ့သည့်နှစ်က Lao Cai နယ်စပ်ဂိတ်များမှတစ်ဆင့် သွင်းကုန်ပို့ကုန် စုစုပေါင်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံနီးပါးရှိခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက် ကောက်ခံရရှိမှုမှာ ဗီယက်နမ်ဒေါင် ၈၄၀.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂.၉၈ သန်း) ရှိကြောင်း ဖော်ပြထား ပါသည်။

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: Vietnam