Vietnam

ဗီယက်နမ်နိုင်ငံတွင် တန်ဖိုးဖြည့်ခွန်နှုန်း လျော့ချမှုကို ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ အထိ သက်တမ်းတိုးမြှင့်

Last Updated:

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမ ၆ လတွင် တန်ဖိုးဖြည့်ခွန် (VAT) နှုန်းအား ၁၀ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ လျော့ချမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် 180/2024/ND-CP ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အခွန်မူဝါဒအသစ်သည် အောက်ဖော်ပြပါ ကုန်စည်နှင့် ဝန်ဆောင်မှုအုပ်စုများမှ လွဲ၍ လက်ရှိ ၁၀ ရာခိုင်နှုန်းဖြင့် ကောက်ခံနေသော ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် အကျုံးဝင် မည်ဖြစ်ကြောင်း အစိုးရသတင်းများတွင် ဖော်ပြထားပါသည်-

(က)   ဆက်သွယ်ရေး၊ ဘဏ္ဍာရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်း၊ ငွေချေးစာချုပ်၊ အာမခံ၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုနှင့် အသင့်ပြုလုပ်ထားသော သတ္တုထွက်ကုန်များ၊ သတ္တုတွင်းထွက်ပစ္စည်းများ (ကျောက်မီးသွေးတူးဖော်ခြင်းမှအပ)၊ ကိုကင်း၊ သန့်စင် ပြီး ရေနံ၊ ဓာတုဗေဒပစ္စည်းများ၊

(ခ)     အထူးစားသုံးခွန်ပေးဆောင်ရမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၊

(ဂ)     သတင်းအချက်အလက်နည်းပညာ ဥပဒေတွင် ဖော်ပြထားသော သတင်း အချက် အလက် နည်းပညာများ၊

         အဆိုပါ မူဝါဒကို ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အထိ ကျင့်သုံးမည်ဖြစ်သောကြောင့် ဘတ်ဂျက် လိုငွေမှာ ဗီယက်နမ်ဒေါင် ၂၆.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံကျော်) ရှိမည် ဖြစ်ကြောင်း အစိုးရက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 COVID-19 ကူးစက်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် တန်ဖိုးဖြည့်ခွန် ၂ ရာခိုင်နှုန်းလျှော့ချခြင်းကို ၂၀၂၂ ခုနှစ်ကတည်းက စတင် ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam