Japan

၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ဘဏ္ဍာငွေကို ဂျပန်အောက်လွှတ်တော်မှ အတည်ပြုခဲ့

Last Updated:

ဂျပန်အစိုးရ၏ စီးပွားရေးပြန်လည်အားကောင်းလာစေရေးဆိုင်ရာ အစီအမံများ ဖော်ဆောင် နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၁ ဘီလီယံတန်ဖိုးရှိ ဖြည့်စွက်ဘဏ္ဍာငွေကို   ဂျပန်အောက် လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း ၁၂-၁၂-၂၀၂၄ ရက်နေ့ထုတ် The NHK News သတင်းစာတွင် “Japan's Lower House approves supplementary budget for FY2024” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ဥပဒေကြမ်းကို ၂၁-၁၂-၂၀၂၄ ရက်နေ့တွင် ပြုလုပ်မည့် အထက် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုနိုင်ရေးအတွက် အထက်လွှတ်တော်သို့ ဆက်လက် တင်ပြခဲ့ကြောင်း၊ နှစ်စဉ်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုမည့် ပမာဏကို လက်ရှိပမာဏဖြစ်သည့် ယန်း ၁.၀၃ သန်း(သို့မဟုတ်)အမေရိကန်ဒေါ်လာ ၆,၆၆၀ အထက်ကို တိုးမြှင့်သတ်မှတ်ပေးရန်နှင့် လောင်စာဆီများအပေါ် ထပ်ဆောင်းခွန်ကောက်ခံခြင်းကို ပယ်ဖျက်ပေးရန် အဆိုပြုခဲ့သည့် အတိုက်အခံပါတီ Democratic Party for the People (DPFP) ၏ အဆိုပြုချက်ကို သဘောတူ ခဲ့သည့်အတွက်  DPFP ပါတီအနေဖြင့်လည်း ဘဏ္ဍာငွေစီမံချက်ကို ထောက်ခံပေးသွားမည် ဖြစ် ကြောင်း ဖော်ပြထားပါသည်။

လျှပ်စစ်မီတာခများနှင့် ဓာတ်ငွေ့နှုန်းထားများအပေါ် အစိုးရက ပံ့ပိုးပေးသည့် အစီအစဉ် များကဲ့သို့သော ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများ လျော့နည်းစေ မည့် အစီအမံများအတွက် ဖြည့်စွက်ရန်ပုံငွေကို သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ထို့အတူ နေထိုင်ခွန် ကင်းလွတ်ခွင့်ရသည့် ဝင်ငွေနည်းအိမ်ထောင်စုများကိုလည်း ငွေကြေးထောက်ပံ့မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း၊ ထို့အတူ ၂၀၂၄ ခုနှစ်၊ နှစ်စ၌ နိုတိုကျွန်းဆွယ်တွင် ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့သည့် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက် နိုင်ရေးစီမံကိန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

 

(၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The NHK News   

Category: Japan