China(Beijing)

တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုမှ ရလဒ်ကောင်းများ ထွက်ပေါ်လျက်ရှိ

Last Updated:

ဆယ်စုနှစ်သုံးခုကျော်အတွင်း တရုတ်နှင့်အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တို့ သည် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ပြီး အာဆီယံ အသိုက်အဝန်းထူထောင်ခြင်းနှင့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ခဲ့ကြကြောင်း၊ တရုတ်-အာဆီယံမိတ်ဖက်ဆက်ဆံရေးသည် အာရှ-ပစိဖိတ်ဒေသတွင် အအောင်မြင် ဆုံး ပူးပေါင်း ဆောင်ရွက်မှုပုံစံများထဲမှ တစ်ခုဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ တရုတ်-အာဆီယံနိုင်ငံများကြား အပြန်အလှန်ကုန်သွယ်မှုတွင် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် စင်ကာပူကဲ့သို့ နိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ရှိကြောင်း၊  တရုတ်နိုင်ငံ သည် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၁၅ နှစ်ဆက်တိုက် ရပ်တည်ခဲ့ပြီး အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် လေးနှစ်ဆက်တိုက်ရှိနေခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေး တွင်ငါးပုံတစ်ပုံကျော်ပါဝင်လျက်ရှိသည့်တရုတ်-အာဆီယံအနေဖြင့် ကမ္ဘာလုံး ဆိုင်ရာနှင့် ဒေသတွင်း စီးပွားရေးပြန်လည်ဦးမော့စေရေးအတွက် အရေးပါသော အင်ဂျင်တစ်ခု ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုမှ အသီးအပွင့်ရလဒ်များသည် “hard connectivity” နှင့် “soft connectivity” နှစ်ခုစလုံးဖြင့် ချိတ်ဆက်၍ ပူးပေါင်းကြိုးပမ်းမှုများ ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဖော်ပြထား ပါသည်။

"hard connectivity"ပူးပေါင်းဆောင်ရွက်မှုတွင် အခြေခံအဆောက်အအုံ အာမခံချက်များ ပါဝင်ကြောင်း၊ ချုံချင်နှင့် စင်ကာပူတို့မှာ တရုတ်နှင့် အာဆီယံတို့ ပူးပေါင်းတည်ဆောက်ထားသော New International Land-Sea Trade Corridor ၏ "dual hubs" အဖြစ် ဆောင်ရွက်နေကြောင်း၊ ရထားလမ်း၊ ကားလမ်း၊ လေကြောင်းလမ်းနှင့် ရေလမ်းသယ်ယူပို့ဆောင်ရေးစသည့် သယ်ယူ ပို့ဆောင် ရေးနည်းလမ်းအမျိုးမျိုးကို ပေါင်းစပ်ခြင်းဖြင့် အဆိုပါစင်္ကြံသစ်မှာ တရုတ်နိုင်ငံ အနောက်ဘက် အာဆီယံဒေသနှင့်နီးကပ်စွာချိတ်ဆက်ထားကြောင်း၊ တရုတ်-လာအို ရထားလမ်း စတင်လည်ပတ်ပြီး နောက်သုံးနှစ်အတွင်း ၎င်း၏နေ့စဉ်ခရီးသည် သွားလာမှုမှာ ၂၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ တိုးလာခဲ့ ကြောင်း၊ New Western Land-Sea Corridor နှင့် China Railway Express တို့နှင့် ချိတ်ဆက်ထား ပြီးနောက် တရုတ်-လာအိုမီးရထား၏ နယ်စပ်ဖြတ်ကျော် ကုန်တင်ကုန်ချကွန်ရက်ကို ယခုအခါ နိုင်ငံနှင့် ဒေသပေါင်း ၁၉ ခုအထိ ဖြန့်ကြက်ထားနိုင်ကြောင်း၊ ဖနွမ်းပင်- Sihanoukville အမြန်လမ်းကို ဖွင့်လှစ် လိုက်ခြင်းကြောင့် ဖနွမ်းပင်၊ ကမ္ဘောဒီးယားမြို့တော်နှင့် Sihanoukville ဆိပ်ကမ်းတို့အကြား ခရီးသွားလာချိန်ကို သိသိသာသာ လျှော့ချပေးခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အမြန်လမ်း၏ စုစုပေါင်း သွားလာမှု ပမာဏမှာ ယာဉ်စီးရေ ၁၀ သန်းကျော်၊ နေ့စဉ်ပျမ်းမျှယာဉ်စီးရေ ၁၃၀၀၀ ကျော်ရှိခဲ့ကြောင်းလည်း သိရှိရပါသည်။

ကုန်းလမ်းများ ဖောက်လုပ်ခြင်းအပြင် တရုတ်နှင့် အာဆီယံတို့သည် ဆိပ်ကမ်းပို့ဆောင် ရေး ၊ လေကြောင်းပို့ဆောင်ရေးနှင့် စွမ်းအင်ပိုက်လိုင်း တည်ဆောက်ခြင်းစသည့် နယ်ပယ်များ၌ ခက်ခဲသော စီမံကိန်းများကို အတူတကွဖော်ဆောင်ကာ စက်မှုဇုန်များ၏ စီးပွားရေး ပတ်၀န်းကျင်ကို ပိုမိုကောင်းမွန်စေခဲ့ကြောင်း၊ Sihanoukville အထူးစီးပွားရေးဇုန်၊ ထိုင်း-တရုတ် Rayong စက်မှုဇုန်၊ Long Jiang Industrial Park နှင့် Vientiane Saysettha Development Zone ကဲ့သို့သော စီးပွားရေးဇုန်များသည် လုပ်ငန်းအများအပြားကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်များကို တိုးမြှင့်ပေးပြီး အာဆီယံနိုင်ငံများအတွက် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်မှု များကို တွန်းအား ပေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

"soft connectivity" ပူးပေါင်းဆောင်ရွက်မှုတွင် အဖွဲ့အစည်းများနှင့် စံနှုန်းများကို ပိုမို ကောင်းမွန်အောင်ပံ့ပိုးပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဒေသဆိုင်ရာဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို အကောင်အထည်ဖော်ခြင်းဖြင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဧရိယာကို တရားဝင်စတင်ခဲ့ကြောင်း၊ တရုတ်၊အာဆီယံနိုင်ငံများ အပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံက RCEP စင်္ကြံတွင်း ပိုမိုပွင့်လင်းသော စျေးကွက်များရရှိရေးနှင့် ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့ရေးတို့ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တို ဘာလတွင် တရုတ်-အာဆီယံဆယ်နိုင်ငံမှ ခေါင်းဆောင်များသည် Version 3.0 တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်မြေ (FTA) အဆင့်မြှင့်တင်ရေး စေ့စပ်ညှိနှိုင်းမှုများကို ကြေညာနိုင်ခဲ့ကြောင်း၊ ထိုသို့ ကြေညာနိုင်မှုသည် တရုတ်နှင့် အာဆီယံ နိုင်ငံများအကြား FTA ကို ပိုမိုအဆင့်မြင့်သည့် ပွင့်လင်းမြင်သာမှုပုံစံတည်ဆောက်ရန် သဘော တူညီမှုကို ကိုယ်စားပြုကြောင်း၊ FTA 3.0 အရ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ၊ စည်းမျဉ်း များနှင့် အရည်အချင်းစစ် အကဲဖြတ်ခြင်းဆိုင်ရာ အခန်းများမှာ အဖွဲ့ဝင်နိုင်ငံများကြား အမြင့်ဆုံး အဆင့် ဆောင်ရွက်နိုင်မှုကိုကိုယ်စားပြုကြောင်း၊ တရုတ်နှင့် အာဆီယံအကြား စည်းမျဥ်းများနှင့် စံနှုန်းများ ပိုမိုနက်ရှိုင်းစွာ အပြန်အလှန်ချိတ်ဆက်နိုင်စေရန် အခွင့်အလမ်းများဖန်တီးပေးကြောင်း၊ လာမည့်ကာလများတွင် တရုတ်စီးပွားရေးလုပ်ငန်းများသည် တရုတ်နိုင်ငံ၏ စံနှုန်းများကို အသုံးပြု၍ အာဆီယံနိုင်ငံများနှင့်ပူးပေါင်းကာ ပြည်ပစီးပွားရေးလုပ်ငန်း များဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နှင့်အာဆီယံစံနှုန်းများသည် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် စိမ်းလန်းသောစီးပွားရေးကဲ့သို့သော နယ်ပယ်များ၌ ပိုမိုပူးပေါင်းဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်သည် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ ၏ အဆုံးသတ်ဖြစ်ပြီး တရုတ်-အာဆီယံ FTA ၏ ၁၅ နှစ်မြောက် နှစ်ပတ်လည် နှင့် Version 3.0 တရုတ်-အာဆီယံ FTA ၏ ပထမနှစ်ဖြစ်ကြောင်း၊ RCEP ၏ အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာ မူဝါဒများကို ဆက်လက် ထုတ်ပြန်ပြီး အရည်အသွေးပြည့်မီသော တရုတ်-အာဆီယံ FTA အဆင့်မြှင့်တင်မှုများ တည်ဆောက်မည်ဖြစ်ကြောင်း၊ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများဖြင့် အတူတကွ ပေါင်းစည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံတို့သည် နိုင်ငံစုံစနစ်နှင့် လွတ်လပ်သောကုန် သွယ်မှုကို ပူးတွဲထိန်းသိမ်းကာ စီးပွားရေးပြန်လည်ဦးမော့လာစေရေးနှင့် ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်သည့် စွမ်းအားသစ်များရရှိစေရေး ဆောင်ရွက် ခြင်းဖြင့် အာရှနှင့်ကမ္ဘာတစ်ဝှမ်း သာယာဝပြောရေးအတွက် မျှဝေဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source:https://news.cgtn.com/news/2025-01-02/China-ASEAN-cooperation-yields-fruitful-results-1zPIPc1wwda/p.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ                                            

Category: China(Beijing)