China (HongKong)

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာအတွင်း ဟောင်ကောင်ဒေသ၌ စားသုံးသူဈေးဆနှုန်း ၂.၂ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက နိုဝင်ဘာလအတွင်း အထွေထွေ စားသုံးသူ ဈေးဆနှုန်း ၁.၄ ရာခိုင်နှုန်းတိုးတက်မှုကြောင်း ဟောင်ကောင်ဒေသအစိုးရ၏ “November sees 1.4% inflation” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပါသည်။

အစိုးရ၏ ထောက်ပံ့ရေးဆောင်ရွက်ချက်များကို ထည့်သွင်းတွက်ချက်ခြင်းမပြုပါက အခြေခံ ငွေကြေးဖောင်းပွမှုသည် အောက်တိုဘာလတွင် ရှိနေသည့်အတိုင်း  ၁.၂ ရာခိုင်နှုန်း၌ ဆက်လက် ရပ်နေကြောင်း ရေးသားဖော်ပြထားပါသည်။

ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဈေးနှုန်း မြင့်တက်သည့် ကုန်စည်အမျိုးအစားများမှာ အရက်နှင့် ဆေးလိပ်၊ လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့ နှင့်ရေ၊ အခြားဝန်ဆောင်မှုအမျိုးမျိုး၊ ဆိုင်တွင် ရောင်းချသည့် အစားအစာများ၊ အခြားကုန်စည် အမျိုးမျိုးနှင့် သယ်ယူပို့ဆောင်ရေး၊ အိမ်ရာအဆောက်အဦနှင့် အထွေထွေကုန်စည်တို့ဖြစ်ကြောင်း နှင့် ယခင်နှစ်ကထက် ဈေးဆနှုန်းကျဆင်းသည့် ကုန်စည်များမှာ အဝတ်အထည်နှင့် ဖိနပ်၊ တာရှည်ခံကုန်စည်များနှင့် အခြေခံစားသောက်ကုန် တို့ဖြစ်ကြောင်း  ရေးသားဖော်ပြထားပါသည်။ 

နိုဝင်ဘာလအတွင်း ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းမရှိသော်လည်း အစားအစာ ဈေးနှုန်း များ ယခင်နှစ်ကထက် အနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ စွမ်းအင်နှင့်ဆက်စပ်သည့် ကုန်စည်များ၏ ဈေးနှုန်းကျဆင်းမှု အနည်းငယ်သာရှိခဲ့ကြောင်း ဒေသအစိုးရမှ ပြောကြားခဲ့ကြောင်းနှင့် ရှေ့ဆက်၍ ငွေကြေးဖောင်းပွမှုအခြေအနေမှာ သိသိသာသာပြောင်းလဲမှုမရှိနိုင်သော်လည်း ဒေသ၏ စီးပွားရေး တိုးတက်မှုကြောင့် ပြည်တွင်းသုံးစွဲမှုကုန်ကျစရိတ် အတန်အသင့်မြင့်တက်နိုင်သည့် အခြေအနေ ရှိလာနိုင်ကြောင်း ဟောင်ကောင်ဒေသအစိုးရ မျှော်မှန်းထားသည်ဟု စသည်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့။

 

Category: China (HongKong)