Thailand

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ Geographical Indication (GI) စာရင်းအတွင်းသို့ ထုတ်ကုန် ၂၂ မျိုး ထည့်သွင်းနိုင်‌ရေးအတွက် မူပိုင်ခွင့်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ Geographical Indication (GI) ဈေးကွက်တန်ဖိုးကို ဘတ် ၅.၉ ဘီလီယံထက်ကျော်လွန်စေရေးအတွက် ထုတ်ကုန် ၂၂ မျိုးကို Geographical Indication (GI) စာရင်း အတွင်းသို့ ထည့်သွင်းနိုင်ရေး မူပိုင်ခွင့်ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်အတွင်း လက်ရှိ Geographical Indication (GI) ထုတ်ကုန် ၂၁၆ မျိုးမှ နိုင်ငံစီးပွားရေးတွင် ဘတ် ၇၇ ဘီလီယံထိ ပါဝင်လျက်ရှိပြီး ၂၀၂၃ ခုနှစ်ထက် ဘတ် ၂၀ ဘီလီယံ တိုးတက်ခဲ့ပါကြောင်း၊ ယင်းသို့ တိုးတက်လာရခြင်းမှာ အစိုးရ၏ Geographical Indication (GI) ထုတ်ကုန်များကို မြှင့်တင်ပေးခြင်းကြောင့် ဖြစ်ကြောင်း၊ Geographical Indication (GI) ထုတ်ကုန်များ၏ ၈၅ ရာခိုင်နှုန်းသည် အစားအစာမှဖြစ်ပြီး ဒေသနှင့် ဒေသခံတို့၏ အရည်အချင်းများကို ပြသသည့် ထူးခြားသော အရည်အသွေးများကြောင့် ကျော်ကြားခြင်းဖြစ်ကြောင်း၊ Geographical Indication (GI) ထုတ်ကုန်များသည် ထိုင်းနိုင်ငံ၏ Soft Power အတွက် အရေးပါသော အခန်းကဏ္ဍ တွင် ပါဝင်ပါကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Nusara Kanjanakul က ပြောကြားခဲ့ပါသည်။

ထင်ရှားကျော်ကြားသော ထိုင်း Geographical Indication (GI) ထုတ်ကုန်များမှာ ဆန်နှင့် ကော်ဖီ ပို့ကုန်များဖြစ်ပြီး ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံပေါင်း ၃၀ တွင် အသိအမှတ်ပြုခံရပါကြောင်း၊ ဆန်နှင့် ကော်ဖီသည် နိုင်ငံအတွင်း မှတ်ပုံတင်ထား သည့် ပထမဆုံး Geographical Indication (GI) ထုတ်ကုန်များဖြစ်ပြီး ဆန်အမျိုးအစား ၂၃ မျိုး၊ ကော်ဖီ ၁၀ မျိုးနှင့် လက်ဖက်ရည်တစ်မျိုး ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Geographical Indication (GI) ထုတ်ကုန်များကို မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း စူပါမားကတ်များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Michelin လက်မှတ်ရ စားသောက်ဆိုင်များနှင့် Thai Select စားသောက်ဆိုင်များတွင် Geographical Indication (GI) ကို ဖော်ပြနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ Geographical Indication (GI) ထုတ်လုပ်သူများကို ထောက်ပံ့ပေးရန်မှာ ထုတ်လုပ်မှု လျှော့ချစေရန်၊ ဈေးကွက်ပိုမိုကျယ်ပြန့်နိုင်ရေးအတွက် အွန်လိုင်းရောင်းချရန်နှင့် ထုတ်ကုန်တန်ဖိုး မြှင့်တင်ရန် ထုပ်ပိုးမှုဒီဇိုင်းကို မြှင့်တင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand