China(Nanning)

တရုတ်-မော်လ်ဒိုက် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် စတင်အသက်ဝင်

Last Updated:

တရုတ်-မော်လ်ဒိုက် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA)သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်အသက်ဝင်မည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၃၀-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါထုတ်ပြန်ချက်၌ FTA ကို တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao နှင့် မော်လ်ဒိုက်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Mohamed Saeed တို့က ကြေညာခဲ့ပြီး ဝန်ကြီးနှစ်ဦးသည် ဗီဒီယိုကွန်ဖရင့်တစ်ခု ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရ သည်။

သင်္ဘောများ၊ လျှပ်စစ်ပစ္စည်းများ၊ ပရိဘောဂနှင့် စိုက်ပျိုးရေးထွက်ကုန်များအပါအဝင် မော်လ်ဒိုက်သို့ တင်ပို့လျက်ရှိသော တရုတ်နိုင်ငံ၏ စက်မှုပို့ကုန်အများစုသည် FTA အကောင် အထည်ဖော်ပြီးနောက် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

အပြန်အလှန်အနေဖြင့် တရုတ်နိုင်ငံသို့  တင်ပို့လျက်ရှိသော မော်လ်ဒိုက်၏ ရေထွက်ကုန် အများစုသည် သွင်းကုန်ခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

FTA ကို အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ပေးခြင်းနှင့်အဆင်ပြေချောမွေ့စေခြင်းကို မြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို သိသာထင်ရှားစွာ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံစလုံးရှိ စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူများ၏ အကျိုးစီးပွားကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန် စေရန် မျှော်လင့်ကြောင်း သိရှိရသည်။

 

Source: https://www.chinadaily.com.cn/a/202412/31/WS6773644ea310f1265a1d84ab.html 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)