China(Nanning)

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးစဉ်ဆက်မပြတ် ပြန်လည်ဦးမော့လာမည်ဟု ယုံကြည်

Last Updated:

၂၀၂၅ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှု ရည်မှန်းချက်များ ချမှတ်ရာတွင် တရုတ် နိုင်ငံသည် လိုအပ်ချက်နှင့် ဖြစ်နိုင်ခြေနှစ်ခုလုံးကို ထည့်သွင်းစဉ်းစားပြီး ကာလလတ်နှင့် ရေရှည် စီမံကိန်းများကို ပေါင်းစပ်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံ၏ ထိပ်တန်းစီးပွားရေး စီမံခန့်ခွဲသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ၃-၁-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် အခက်အခဲများနှင့် စိန်ခေါ်မှုအသစ်များ ကို ရင်ဆိုင်ရလိမ့်မည်ဟု အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ အကြီးတန်း အရာရှိ Yuan Da က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း အပြုသဘောဆောင်သောအချက်များရှိသည်ဟုယုံကြည်ကြောင်း၊ တရုတ် နိုင်ငံ၏ စီးပွားရေးတွင် တည်ငြိမ်သောအခြေခံအုတ်မြစ်၊ အားသာချက်များ၊ ခံနိုင်ရည်အားနှင့် အလားအလာကောင်းများရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေးများဆောင်ရွက်ခြင်း၊ အရည်အသွေး ပြည့်ထုတ်လုပ်မှုစွမ်းအားသစ်များကို ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ပြည်တွင်းစီးပွားရေးလည်ပတ်မှု ကို မြှင့်တင်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရှိန်အဟုန်ကို လှုံ့ဆော်ပေးမည်ဖြစ် ကြောင်း Yuan က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ယခင်နှစ်က စတင်ခဲ့သော မူဝါဒများ၏ သက်ရောက်မှုများသည် ဆက်လက်ရှိနေမည် ဖြစ်ပြီး ယခုနှစ်တွင် မက်ခရိုမူဝါဒများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ စီးပွားရေးတိုးတက်မှုရည်မှန်းချက်များ အောင်မြင်စေရန် ခိုင်မာသော အထောက်အပံ့များ ဖြစ်စေ နိုင်သည်ဟု Yuan က ပြောကြားခဲ့ကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ်တွင် စီးပွားရေးစဉ်ဆက်မပြတ်ပြန်လည်ဦးမော့လာမှုကို မြှင့်တင်ရန် ယုံကြည်မှု အပြည့်ရှိပြီး (၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ ရည်မှန်းချက်များနှင့် လုပ်ငန်း တာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်လည်း အပြည့်အဝယုံကြည်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

Source: https://english.news.cn/20250103/7ca746ed6b4e49e88643bbb54b35e270/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)