U. A. E

ယူအေအီးနိုင်ငံအခြေစိုက် DP World အုပ်စုမှ ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာ ကိုင်တွယ်ဆောင်ရွက်မှုတွင် TEU သန်း ၁၀၀ ကျော်လွန်သွားခဲ့

Last Updated:

ယူအေအီးနိုင်ငံအခြေစိုက် DP World ကုန်စည်သယ်ယူပို့ဆောင်ရေးကုမ္ပဏီအုပ်စုမှ ၎င်းတို့၏ကမ္ဘာ လုံးဆိုင်ရာအစုစုတစ်လျှောက် ကွန်တိန်နာကိုင်တွယ်နိုင်မှုပမာဏ သန်း ၁၀၀ TEU (ပေနှစ်ဆယ်နှင့် ညီမျှသောယူနစ်) ကိုကျော်လွန်သွားခဲ့ကာ ထူးထူးခြားခြားမှတ်တိုင်တစ်ခုအနေဖြင့် အောင်မြင်မှု ရရှိခဲ့ပါသည်။

ဤကဲ့သို့သော သမိုင်းဝင်အောင်မြင်မှုသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အခြေခံအဆောက် အအုံနှင့် မဟာဗျူဟာမြောက်ဖွံ့ဖြိုးတိုးတက်မှုများဆီသို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ခွဲဝေပေးခဲ့သည့် ကုမ္ပဏီ၏ဆန်းသစ်တီထွင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့အတွက် မဆုတ်မနစ်သောကတိ ကဝတ်ကို မီးမောင်းထိုးပြသလျှက် ရှိပါသည်။

လုပ်ငန်းတိုးချဲ့မှုများ၊ ဝယ်ယူမှုများနှင့်မြစိမ်းရောင်လုပ်ငန်းနယ်ပယ်သစ်များ ဖွံ့ဖြိုးတိုးတက်လာခဲ့ မှုတို့ကြောင့် ကုမ္ပဏီ၏စွမ်းဆောင်ရည်မှာ ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ၃၃ % တိုးတက်လာ ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် TEU ၇၅.၆ သန်းဖြင့်စတင်၍ DP World သည် ပြောင်းလဲလျှက်ရှိသော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၎င်းတို့ ၏အခြေခံအဆောက်အဦများကို ခေတ်မီစေရန်တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းကွန်တိန်နာကိုင်တွယ်ဆောင်ရွက်နိုင်မှုစွမ်းရည်သည် ပြီးခဲ့သည့် ၁၂ လ တာကာလအတွင်းတွင် ၅ % မြင့်တက်ခဲ့ပြီး ၎င်းတို့ကုမ္ပဏီအုပ်စု၏ ကမ္ဘာ့ကွန်တိန်နာဈေးကွက် ဝေစု ၉.၂ % ကို ခိုင်မြဲစေခဲ့ပါသည်။

DP World ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sultan Ahmed bin Sulayem မှ အမှာ စကားပြောကြားရာတွင် TEU သန်း ၁၀၀ အတိုင်းအတာမှတ်တိုင်တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ခြင်း သည် ၎င်းတို့ကုမ္ပဏီ၏ ၄၅ နှစ်တာကာလခရီးအတွက် အရေးကြီးသောမှတ်တိုင်တစ်ခုဖြစ်ကြောင်း ကမ္ဘာ့အဆင့်မီဆိပ်ကမ်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ် နှံရန်အတွက် ၎င်းတို့၏ကတိကဝတ်ကို ရောင်ပြန်ဟပ်စေခဲ့ကာ ချောမွေ့သောကုန်သွယ်စီးဆင်းမှုကို ဖော်ထုတ်ပြသနေခြင်းဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း DP World မှ တန်ဇန်းနီးယားနိုင်ငံရှိ Dar es Salaam ဆိပ်ကမ်းအား လွှဲပြောင်း ရယူခဲ့ပြီး သင်္ဘောစောင့်ဆိုင်းရသည့်အချိန်ကာလကို တစ်လကျော်ကြာမြင့်ခဲ့သည့် အချိန်အတိုင်း အတာမှနေ၍ ထည့်သွင်းစဉ်းစားရန်မလိုလောက်သည့် အချိန်အတိုင်းအတာနီးပါးခန့်အထိ လျှော့ချ နိုင်ခဲ့ပါသည်။ အခြားဆောင်ရွက်ဆဲစီမံကိန်းများတွင် စီးပွားရေးလုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်များ နှင့်ချိတ်ဆက်ရန်အတွက် ၎င်းတို့ကုမ္ပဏီ၏အာရုံစိုက်ဆောင်ရွက်မှုများကို ဖော်ပြနေသည့် ဆီနီ ဂေါ နှင့်အိန္ဒိယနိုင်ငံများရှိ ဆိပ်ကမ်းအသစ်များ ပါဝင်လျှက်ရှိပါသည်။

ယခုနှစ်သည် ယူအေအီးနိုင်ငံရှိ Jebel Ali Port ဆိပ်ကမ်း၏ ၄၅နှစ်မြောက်နှင့် Jebel Ali Freezone ၏ ၄၀ နှစ်မြောက်ဖြစ်ပြီး DP World အနေဖြင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနှင့် ဆန်းသစ်တီထွင်မှု တို့တွင် ကုမ္ပဏီ၏စဉ်ဆက်မပြတ်ပံ့ပိုးကူညီမှုများကို ကိုယ်စားပြုလျှက်ရှိပါသည်။ ယခုနှစ်တွင် ကမ္ဘာ လုံးဆိုင်ရာ ကွန်တိန်နာဖြတ်သန်းစီးဆင်းမှုပမာဏ ၂.၈ % တိုးတက်လာစေရန် မျှော်မှန်းထားရှိ သောကြောင့် DP World ၏ ရှေ့သို့မျှော်မြင်သော ရင်းနှီးမြှုပ်နှံမှုများသည် ကမ္ဘာ့ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်း၏ အနာဂတ်ကိုပုံဖော်ရာတွင် ဦးဆောင်သူအဖြစ်ရပ်တည်လျက်ရှိနေပါကြောင်း သတင်း ဌာနမှ ဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။

 

 

Category: U. A. E