Vietnam

ဗီယက်နမ်နိုင်ငံသို့ ပြည်ပငွေလွှဲပို့မှုသည် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံရောက်ရှိခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံသို့ ပြည်ပမှ ငွေလွှဲပို့မှုသည် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိကြောင်း ဗီယက်နမ်နိုင်ငံတော်ဘဏ် (SBV) ဟိုချီမင်းမြို့ဘဏ်ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး Mr. Nguyen Duc Lenh ၏ ပြောကြားချက်အရ သိရှိရပါသည်။

ပြည်ပမှငွေလွှဲပေးပို့မှုများအနက် ဟိုချီမင်းမြို့သို့ ငွေလွှဲပို့မှုသည် အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံခန့်ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၄၀ သန်းတိုးလာကြောင်းနှင့် စုစုပေါင်း ငွေလွှဲပေးပို့မှု ၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

အာရှမှ ဟိုချီမင်းမြို့သို့ ငွေလွှဲမှုမှာ ၎င်း၏ စုစုပေါင်းငွေလွှဲပေးပို့မှု၏ ၅၃.၈ ရာခိုင်နှုန်းနှင့် အမြင့်ဆုံးအချိုးဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ၂၄.၁ ရာခိုင်နှုန်းတိုးလာကြောင်း၊ တစ်ချိန်တည်းတွင် Oceanian ၊ US နှင့် ဥရောပဒေသများမှ ငွေလွှဲမှုများသည် ၂၀ ရာခိုင်နှုန်း၊ ၄.၄ ရာခိုင်နှုန်းနှင့် ၁၉.၁ ရာခိုင်နှုန်း အသီးသီးရှိကြောင်းသိရှိရပါသည်။

ပြီးခဲ့သည့် ၃ နှစ်အတွင်း ဟိုချီမင်းမြို့သို့ ငွေလွှဲသည့်ပမာဏသည် သိသိသာသာ တိုးလာ ခဲ့ပြီး ဗီယက်နမ်နိုင်ငံသို့ ပြည်ပမှ ငွေလွှဲမှုစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းရှိကြောင်း ရေးသားဖော်ပြထား ပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam