Thailand

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ခန့်မှန်းထားသည့် ၂ ရာခိုင်နှုန်းထက် ကျော် လွန်နိုင်ကြောင်း Thai National Shippers’ Council က ပြောကြားခဲ့ခြင်း

Last Updated:

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်များသည် ခန့်မှန်းထားသည့် ၂ ရာခိုင်နှုန်းကို ကျော်လွန်ကာ  နှစ် ၃၀ အတွင်း အမြင့်ဆုံးဘတ်ငွေ ၁၀ ထရီလီယံသို့ ရောက်ရှိနိုင်သည်ဟု Thai National Shippers’ Council က ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း နိုင်ငံ၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၂၃ ဘီလီယံရှိခဲ့ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၂၉ ဘီလီယံ ရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅.၉၆ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ Global Purchasing Managers’ Index (PMI) တိုးတက်မှုနှင့်အတူ ကမ္ဘာ့ထုတ်လုပ်မှုကဏ္ဍသည် အောက်တိုဘာလအတွင်း ပြန်လည်ကောင်းမွန်လျက်ရှိသည်ကို ပြသခဲ့ပါ ကြောင်း၊ အမေရိကန်၏ ထုတ်လုပ်မှု PMI သည် အောက်တိုဘာလအတွင်း ၄၇.၈၊ ဥ‌ရောပဇုန်၏ ထုတ်လုပ်မှု PMI သည် ၄၅.၉ နှင့် တရုတ်၏ ထုတ်လုပ်မှု PMI သည် ၅၀.၁ သို့ အသီးသီး မြင့်တက်ခဲ့ ပါကြောင်း ကောင်စီ ဥက္ကဋ္ဌ Mr. Chaichan Charoensuk က ပြောကြားခဲ့ပါသည်။

ထိုင်းဘဏ်က ၎င်း၏ မူဝါဒနှုန်းကို ၂.၂၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သဖြင့် အောက်တိုဘာလ အတွင်း ထိုင်းဘတ်ငွေသည် ၁ ဒေါ်လာလျှင် ၃၃ မှ ၃၃.၈ သို့ရောက်ရှိခဲ့ပါကြောင်း၊ ယခုနှစ်အစောပိုင်း ကာလနှင့် နှိုင်းယှဉ်ပါက ဘတ်ငွေသည် ၁.၉၅ ရာခိုင်နှုန်းခိုင်မာမှုရှိခဲ့ပြီး စက်တင်ဘာလအတွင်း ဘတ်ငွေသည် ၅.၉၆ ရာခိုင်နှုန်း ခိုင်မာမှုရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၇၀ မှ ၈၀ ကြားရှိပြီး အာရှမှ အမေရိကန်နှင့် ဥရောပသို့ သင်္ဘောကုန်ကျစရိတ် လည်း ကျဆင်းခဲ့ပါကြောင်း သိရှိရပါသည်။

လက်ရှိဖြစ်ပွားနေသော ပထဝီဝင်နိုင်ငံရေးပဋိပက္ခများ၊ အမေရိကန်သမ္မတရွေးကောက်ပွဲ၊ ဘတ်ငွေအတက်အကျအခြေအနေ၊ ဆီထုတ်လုပ်သော နိုင်ငံများက ဒီဇင်ဘာအတွက် လျာထားသော ဆီထုတ်လုပ်မှုကို ၁ လ သို့မဟုတ် ပိုမို၍ နှောင့်နှေးသွားနိုင်ကြောင်း ကြေညာချက် စသည်တို့သည် ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်ကဏ္ဍကိုလည်း သက်ရောက်စေနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါသည်။

ပြည်တွင်းကုမ္ပဏီများသည် နိုင်ငံခြားနှင့် ကုန်သွယ်ရာတွင် ငွေလဲနှုန်းထိခိုက်မှုမှ သက်သာစေ ရန် နည်းလမ်းများသုံးသင့်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့်လည်း ဘတ်ငွေတည်ငြိမ်စေရန်နှင့် စီးပွား ရေးနှင့် ဘဏ္ဍာငွေတည်ငြိမ်စေရေးအတွက် အလျင်အမြန်အတက်အကျဖြစ်ခြင်းမရှိစေရန် ထိန်းထား သင့်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ဈေးကွက်အလား အလာ မြင့်မားသော နိုင်ငံများတွင် ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်ချက်များကို အရှိန်မြှင့်တင် ဆောင်ရွက်ရန်နှင့် ဈေးကွက်ချဲ့ထွင်ရန်၊ ပို့ကုန်တိုးမြှင့်ရန်နှင့် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုကို တိုးမြှင့်ရန် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်များ ညှိနှိုင်းမှုကို အရှိန်မြှင့်တင်သင့်ကြောင်း ကောင်စီ ဥက္ကဋ္ဌ Mr. Chaichan က အကြံပြုပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand