China(Beijing)

၂၀၂၄ ခုနှစ်တွင်း တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာတိုးတက်ခဲ့

Last Updated:

တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်း အရေအတွက်သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ၁၈၉ သန်း၊ ယခင်နှစ်ထက် ၃.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု နိုင်ငံတော် စျေးကွက်စည်းမျဉ်း စီမံခန့်ခွဲမှု ဆိုင်ရာအာဏာပိုင်အဖွဲ့၏ တာဝန်ရှိသူမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခင်နှစ် တတိယသုံးလပတ်ကာလအထိ နိုင်ငံအတွင်း အခွန်ဆိုင်ရာလုပ်ငန်းဆောင်ရွက် သည့် လုပ်ငန်းသစ် ၇.၂၂ သန်းခန့်၊ ယခင်နှစ်ထက် ၁၇.၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ စားသုံးသူ အခွင့်အရေးကာကွယ်မှုနှင့်သက်ဆိုင်သည့် ကြိုးပမ်းမှုများမှာလည်း တိုးတက်ခဲ့ကြောင်း၊ စီးပွားရေး ဆုံးရှုံးမှုဆိုင်ရာ တိုင်ကြားမှုများ၊ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများသည် ယွမ် ၄.၇၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၅၆.၆၉ သန်း)၊ ယခင်နှစ်ထက် ၁၇.၁ ရာခိုင်နှုန်း ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု အဆိုပါ အုပ်ချုပ်ရေးဌာန၏ လက်ထောက်အကြီးအကဲက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့တိုးတက်မှုများမှာ စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီ၏ အခွင့်အရေးများကို ကာကွယ်ပေး သော တင်းကျပ်သည့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုများနှင့် တရားမျှတသော စျေးကွက်ဝန်းကျင်ကို ဖော်ဆောင်ရန် ရည်ရွယ်သည့် စည်းမျဉ်းစည်းကမ်းများချမှတ်ကာ  ကြိုးပမ်းဆောင်ရွက်ခြင်းမှ ရရှိလာသည့် ရလဒ်များဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

စီးပွားရေးစင်္ကြံတစ်လျှောက် ပြိုင်ဆိုင်မှု  အားကောင်းလာစေရန် ကြိုးပမ်းမှုများနှင့်အတူ သမရိုးကျ စက်မှုလုပ်ငန်းများ အသွင်ကူးပြောင်းနိုင်ရေး အစပျိုးဆောင်ရွက်မှုများ၊ ထွန်းသစ်စ စက်မှုလုပ်ငန်းများ ပြုစု ပျိုးထောင်ရေးနှင့် စက်မှုလုပ်ငန်းကွင်းဆက်တလျှောက် ခံနိုင်ရည်စွမ်းအား မြှင့်တင်ရေးတို့ကို အာရုံစိုက်ကာ အနာဂတ်စက်မှုလုပ်ငန်းဖော်ဆောင်ရေးနှင့်သက်ဆိုင်သည့် အစီအစဉ်များ ရေးဆွဲထားသည်ဟု ပြောကြားခဲ့ ကြောင်းလည်း သိရှိရပါသည်။

 

Source: http://en.people.cn/n3/2025/0110/c90000-20264690.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ                                                                                            

 

Category: China(Beijing)