China(Beijing)

တရုတ်နိုင်ငံ၏ စီးပွားရေးအခြေခံများ တည်ငြိမ်ကောင်းမွန်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ခိုင်မာသည့်ခြေလှမ်းများဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် နိုင်ငံ၏ စီးပွားရေးအခြေခံများသည် တည်ငြိမ် ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

နိုင်ငံ၏ GDP သည် ပထမသုံးလပတ်ကာလအတွက် ၂၉.၆၃ ထရီလီယံယွမ်၊ ဒုတိယ သုံးလပတ်ကာလအတွက် ၃၂.၀၅ ထရီလီယံယွမ်နှင့် တတိယသုံးလပတ်ကာလအတွက် ၃၃.၂၉ ထရီလီယံသို့  အသီးသီးရောက်ရှိခဲ့ကြောင်း၊ အလုပ်အကိုင်နှုန်းမှာ ယေဘုယျအားဖြင့် တည်ငြိမ်လျက် ရှိပြီး ပထမ ၁၁ လအတွင်း မြို့ပြအလုပ်အကိုင်သစ် ၁၁.၉၈ သန်း ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ စားသုံးသူဆိုင်ရာ ညွှန်းကိန်းမှာလည်း အတန်အသင့်မြင့်တက်ခဲ့ကြောင်း၊  နိုင်ငံတကာကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုတန်ဖိုးမှာ နိုဝင်ဘာလတွင် ၄.၂၈ ထရီလီယံ ယွမ်နီးပါး၊ ယခင် နှစ်ထက် ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ပို့ကုန်ဆိုင်ရာ ကုန်စည်ကုန်သွယ်မှု ယွမ် ၂.၁၅ ထရီ လီယံနှင့် သွင်းကုန် ၁.၅၇ ထရီလီယံယွမ်ရှိခဲ့ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် ပို့ကုန်ဆိုင်ရာ ကုန်သွယ်မှု ယွမ် ၂၃၆.၂ ဘီလီယံနှင့် သွင်းကုန်အတွက် ယွမ် ၃၂၅.၈ ဘီလီယံ အသီးသီး ရှိခဲ့ကြောင်း သိရှိရပါသည်။

ထုတ်လုပ်မှု PMI မှာ ၅၀.၁ ရှိခဲ့ပြီး အခြေခံမျဉ်း ၅၀ ထက် သုံးလဆက်တိုက် ကျော်လွန်မှုရှိခဲ့ကြောင်း၊ စျေးကွက်အတွင်းပိုမိုလှုပ်ရှားသက်ဝင်လာခဲ့ပြီး နှစ်စဉ် ကုန်စည်သယ်ယူ ပို့ဆောင်မှုပမာဏသည် ၁၇၄.၅ ဘီလီယံ ကျော်လွန်ခဲ့ကြောင်း၊ မီးရထားဖြင့် ခရီးသွားလာသူ ခရီးသည်အရေအတွက်မှာလည်း ၄.၀၈ ဘီလီယံ အထိ ရောက်ရှိခဲ့ကြောင်း၊ မီးရထားဖြင့် ကုန်စည်ပို့ဆောင်မှုမှာလည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်းနှင့် ကွန်တိန်နာဖြတ်သန်းမှုသည်လည်း အချိန်နှင့်အမျှမြင့်တက်လျက်ရှိကြောင်း၊ ပြည်တွင်းဝယ်လိုအား တိုးတက်မှုကြောင့် ကြီးမားသည့် စျေးကွက်အလားအလာများ ထွက်ပေါ်ခဲ့ကြောင်း၊ နိုဝင်ဘာလတွင် လူသုံးကုန်ပစ္စည်းများ လက်လီ ရောင်းချမှုမှာ ယခင်နှစ်ကာလတူထက် ၃.၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းနှင့် ပုံသေပိုင် ရင်းနှီးမြှုပ်နှံ မှုသည်လည်း ပထမ ၁၁ လအတွင်း ယခင်နှစ်ကာလတူထက် ၃.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202501/10/WS67808772a310f1265a1da143.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

         

Category: China(Beijing)