Thailand

ထိုင်းနိုင်ငံနှင့် အီတလီနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအသစ်အတွက် ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနှင့် အီတလီတို့အကြား စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာအသစ် လက်မှတ်ရေး ထိုးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် ရှင်းလင်းသော လမ်းညွှန်ချက်များချမှတ်ရန်အတွက် နား လည်မှုစာချွန်လွှာလိုအပ်ကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ပို့ကုန်၊ သွင်းကုန်များ၌ တိုးချဲ့နိုင်ရေး ဆွေး နွေးခဲ့ကြကြောင်း၊ အီတလီအနေဖြင့် ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်သောကုန်သွယ်ရေး သဘောတူ စာချုပ်အပေါ် ထောက်ခံပါကြောင်း၊ ထိုင်းနိုင်ငံ၏ Sanitary နှင့် Psytosanitary အစီအမံများနှင့် ရေရှည်တည်တံ့သော အစားအသောက်စနစ်အတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ထိုင်းနိုင်ငံမှ အီတလီသို့ တင်ပို့ခဲ့မှုသည် အမေရိကန်ဒေါ်လာ ၁၁.၈၈ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် ကာလတူ ပမာဏနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃.၃၂ ဘီလီယံ တိုး တက်မှု ရှိခဲ့ပါကြောင်း သိရှိရပါသည်။

အဓိက ပို့ကုန်များမှာ လက်လီအတွက် တိရစ္ဆာန်အစာ၊ အေးခဲရေဘဝဲ၊ သဘာဝ ရာဘာ၊ မီးရှို့ထားသော ရာဘာပြား၊ တစ်ဝက်ကြိတ်ခွဲထားသော ဆန်၊ ပြုပြင်ထားသော ငါးထုတ်ကုန်၊ သစ်သီး နှင့် ဟင်းသီးဟင်းရွက်များဖြစ်ကြောင်း၊ အီတလီသည် ဖက်ရှင်တွင် ကမ္ဘာ့ထိပ်တန်းဖြစ်သဖြင့် ထိုင်း အစိုးရ၏ Soft Power မူဝါဒကို အထောက်အကူဖြစ်စေမည့် ပိုးထည်ထုတ်လုပ်သူများနှင့် ဖက်ရှင် ဒီဇိုင်နာများအကြား ဗဟုသုတဖလှယ်သည့် အစီအစဉ်အတွက် ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါ သည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand