China (Kunming)

တရုတ်နိုင်ငံ တောင်ပိုင်း၏ ဆီးနှင်း ခရီးစဉ်များသည် အရှေ့တောင်အာရှ ခရီးသွားများကို ဆွဲဆောင်လျက်ရှိ

Last Updated:

ဆီးနှင်းများသည် တရုတ်နိုင်ငံတောင်ပိုင်း၊ အထူးသဖြင့် တစ်နှစ်ပတ်လုံး နွေဦးရာသီ ရာသီဥတု ကြောင့် လူသိများသော ကူမင်းမြို့အတွက် ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။ ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့ တွင် နှင်းတွေကျနေကြောင်း သူငယ်ချင်းများ၏ လူမှုကွန်ရက်၌ ဓာတ်ပုံတွေမြင်ရပြီးနောက် ဗီယက်နမ် အမျိုးသမီး Nguyen Khanh Linh သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ခရီးထွက်ရန် စိတ်အားထက်သန် လျက်ရှိသည်။

ယူနန်ပြည်နယ် ဆီးနှင်းများတွေ့မြင်နိုင်ရန် အမြန်ရထားစီး၍ လာရောက်ရသည်မှာ တွက်ချေ ကိုက်ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှ ယူနန်ပြည်နယ် ဟဲကူခရိုင် (Hekou) သို့ ရောက်ရှိပြီးနောက် ကူမင်းမြို့သို့ ကျည်ဆန်ရထားဖြင့် ထွက်ခွာခဲ့သည်။ ယင်းနောက် ကူမင်းမြို့ မြောက် ပိုင်းရှိ Jiaozi နှင်းတောင်သို့ ခရီးဆက်ခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄,၂၂၃ မီတာ အမြင့်တွင်ရှိသော Jiaozi Snow Mountain သည် ဆောင်းရာသီတွင် တရုတ်နိုင်ငံ၏ အမြင့်ဆုံး နှင်းဖုံးနေသည့် တောင်ထိပ်များထဲမှ တစ်ခုဖြစ်ပြီး အရှေ့ တောင်အာရှ ခရီးသွားများအတွက် နာမည်ကြီး အထင်ကရ နေရာတစ်ခုဖြစ်သည်။ ၎င်း၏ အေးခဲသော ရေကန်များ၊ ရေခဲ ရေတံခွန်များ၊ နူးညံ့သောဆီးနှင်းများနှင့် တောင်များသည် အပူပိုင်းဒေသ၏ မှော်ဆန် သော ရသတစ်ခုကို ပေးစွမ်းလျက်ရှိသည်။

Nguyen Khanh Linh အနေဖြင့် ဟနွိုင်းမြို့တွင် နံနက်စာ စားပြီး ကူမင်းမြို့တွင် ဇင်ယော်များကို အစားကျွေးခြင်းနှင့် ဆီးနှင်းများကို ကြည့်ရှု့ခံစားခြင်း တို့ကို ဆောင်ရွက်နိုင်ကြောင်း၊ အလွန်ပင် အဆင်ပြေ ချောမွေ့သည့် ခရီးစဉ် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံ၏ အရှေ့မြောက်ဒေသများရှိ ရေခဲနှင့် ဆီးနှင်း ခရီးသွားလုပ်ငန်းနှင့် ဆင်တူနေ သော် လည်း ယူနန်ပြည်နယ်သည် ၎င်း၏ ကိုယ်ပိုင်သဘာဝကို ပုံဖော်ပေးလျက်ရှိသည်။ ၎င်း၏ နှင်းဖုံးနေသော တောင်များနှင့် ပထဝီဝင်အနေအထားများကြောင့် အရှေ့တောင်အာရှ ခရီးသွားများအတွက် ရေပန်းစား သော နေရာတစ်ခု ဖြစ်လာသည်။

Jiaozi နှင်းတောင်၏ ရှုခင်းသာ ဧရိယာသည် ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများမှ ခရီးသွားများဖြင့် ပြည့်ကျပ်နေသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံမှ ခရီးသွား ၃,၁၅၃ ဦးနှင့် ဗီယက်နမ် နိုင်ငံမှ ၆,၁၀၆ ဦး လာရောက်လည်ပတ်ခဲ့ကြသည်။ မကြာသေးမီက ဗီယက်နမ်၏ Elite Tour သည် Jiaozi Snow Mountain သို့ ခရီးသွားအဖွဲ့ (၅) ဖွဲ့၏ ခရီးစဉ်ကို အပတ်စဉ် စီစဉ်ပေးခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

တရုတ်-လာအို မီးရထားလမ်း၊ တိုက်ရိုက်လေကြောင်း ခရီးစဉ်များနှင့် ပိုမိုလွယ်ကူထိရောက်သော အကောက်ခွန် လုပ်ထုံးလုပ်နည်းများကြောင့် ယူနန်ပြည်နယ်ရှိ ဆီးနှင်းများဖြင့် ဆွဲဆောင်မှုရှိသောနေရာ များသို့ အရှေ့တောင်အာရှ ခရီးသွားများ ပိုမိုလာရောက် လည်ပတ်လျက်ရှိသည်။

ကူမင်းမြို့အပြင်၊ ယူနန်ပြည်နယ်၏ တိကျင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု (Diqing Tibetan Autonomous Prefecture) တွင် ၅.၀၀၀ မီတာကျော် အမြင့်ရှိသော တောင် ၁၀၀ ကျော်ရှိသည်။ Diqing ၏ မြို့တော် ရှန်ဂရီလာမြို့ (Shangri-la) တွင် Seven Star နှင်းလျှောစီးအပန်းဖြေစခန်းကို ၂၀၂၄ ခုနှစ် တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ၎င်းသည် အရှေ့တောင်အာရှနှင့်အနီးဆုံး မြောက်ကမ္ဘာခြမ်း၏ အနိမ့်ဆုံး လတ္တီကျု အယ်လ်ပိုင်း (alpine) နှင်းလျှောစီး အပန်းဖြေစခန်းဖြစ်ကြောင်း Diqing Tourism Group ဥက္ကဋ္ဌ၊ Zhuang Zhiping က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နောက်ပိုင်းတွင် လိကျန်း (Lijiang) နှင့် ရှန်ဂရီလာ (Shangri-La) မြို့တို့ကို ဆက်သွယ် ထားသော မီးရထားလမ်း ဖွင့်လှစ်နိုင်ခြင်းသည် ခရီးသွားလုပ်ငန်းကို ပိုမိုအထောက်အကူ ဖြစ်စေပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အရှေ့တောင်အာရှမှ တိကျင်းဒေသသို့ ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၃၉ ရာခိုင်နှုန်း တိုးလာကြောင်း ဒေသဆိုင်ရာ တရားဝင် အချက်အလက်များအရ သိရသည်။

အိမ်နီးချင်းဒေသများရှိ နှင်းများကျသော အခြား နေရာများသည်လည်း နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ စီချွမ်း (Sichuan) ပြည်နယ်ရှိ Jiuzhaigou ရှုခင်းသာဧရိယာတွင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော အပြာရောင်ရေကန်များ၊ ဆီးနှင်းများဖုံးနေသော ရှုခင်းများနှင့်အတူ တိုးချဲ့ဗီဇာကင်း လွတ်မူဝါဒ (visa-free policy) နှင့် အမြန်နှုန်းမြှင့် ရထားလမ်းများ ဖွင့်လှစ်ပေးခြင်း တို့ကြောင့် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် စင်ကာပူကဲ့သို့သော နိုင်ငံများမှ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။

နှစ်သစ်ကူး အားလပ်ရက်များတွင် အဆိုပါနေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ၎င်းခရီး စဉ်သည် မိမိအတွက် ပထမဆုံး ဆီးနှင်းအတွေ့အကြုံ ဖြစ်ပါကြောင်းနှင့် Jiuzhaigou ၏ ဆောင်းရာသီ အလှဓာတ်ပုံများသည် ထပ်မံပြုပြင်ရန် မလိုအပ်ကြောင်း မလေးရှား ခရီးသွား King Chew က ပြောကြား ခဲ့သည်။

ဆီးနှင်းကျဆင်းမှု ရှားပါးသည့် တရုတ်နိုင်ငံတောင်ပိုင်းရှိ မြို့များအတွက် မိုးလုံလေလုံ နှင်းလျောစီး အပန်းဖြေစခန်းများသည် အခြားရွေးချယ်စရာတစ်ခု ဖြစ်သည်။ နှင်းလျှောစီး လုပ်ငန်းဆိုင်ရာ စာတမ်း အရ တရုတ်နိုင်ငံတွင် ကမ္ဘာ့ထိပ်တန်း မိုးလုံလေလုံ နှင်းလျှောစီး အပန်းဖြေစခန်း ၁၀ ခုရှိပြီး ရှန်ဟိုင်း (Shanghai)၊ ကွမ်ကျိုး (Guangzhou) နှင့် ချန်ဒူး (Chengdu) ကဲ့သို့သော မြို့ကြီး (၆) မြို့၌ တွေ့ရသည်။

အဆိုပါ အပန်းဖြေစခန်းများသည် အပြင်ဘက် ရာသီဥတုပူနေချိန်၌ အေးခဲနေသည့် အိမ်တွင်း အဆောက်အအုံများတွင် ကစားရန်အတွက် ထူးခြားသောအတွေ့အကြုံကို ရရှိစေသည်။ မကြာသေးမီက အရှေတောင်အာရှိ ခရီးသွားများနှင့် ပြည့်ကျပ်နေသည့် ကွမ်ကျိုးရှိ မိုးလုံလေလုံ နှင်းလျှောစီးအပန်းဖြေ စခန်းတစ်ခု၏ သတင်းကို ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံလာခဲ့သည်။

ခရီးသွားပလက်ဖောင်း Qunar ၏ အဆိုအရ "နှင်းလျှောစီးခြင်း" (skiing) "နှင်းနှင့်ရေခဲ" (snow and ice) နှင့် "ရေပူစမ်း" (hot springs) စသည့် ရှာဖွေမှုများသည် ယခင်လနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၁၇၀ ရာခိုင်နှုန်းသို့ မြင့်တက်သွားခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်းရှိ နှင်းတောင်များကို လည်း စိတ်ဝင်စားမှု တိုးလာခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ ရေခဲနှင့် ဆီးနှင်းစီးပွားရေး (ice and snow economy) ကို တိုးတက်မှု ကဏ္ဍသစ် တစ်ခုအဖြစ် မြှင့်တင်ရန် ရည်မှန်းထားပြီး ၂၀၃၀ ခုနှစ်တွင် စီးပွါးရေး ပမာဏ ယွမ် ၁ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၆ ဘီလီယံခန့်) ကို လျာထားကြောင်း တရုတ် နိုင်ငံတော် ကောင်စီရုံး (General Office of the State Council) မှ ထုတ်ပြန်သော လမ်းညွှန်ချက်များအရ သိရသည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2025/0113/c90000-20264992.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)