Korea

၂၀၂၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၂ ရာခိုင်နှုန်းသာ ရှိနိုင်မည်ဟု ကိုရီးယားဖွံ့ဖြိုးရေးတက္ကသိုလ်က လျှော့ချခန့်မှန်းထား

Last Updated:

တောင်ကိုရီးယားနိုင်ငံတွင် ပြည်တွင်းဝယ်လိုအား  ပြန်လည်အားကောင်းလာမှုသည် မျှော် မှန်းထားသည်ထက် နှေးကွေးနေသည့်အပြင် ပြည်ပသို့ တင်ပို့မှုအရှိန်အဟုန်သည်လည်း နှေး‌ကွေး နိုင်သည့်အတွက် ၂၀၂၄ ခုနှစ်အတွက် စီးပွားရေးတိုးတက်နှုန်းသည် ၂.၂ ရာခိုင်နှုန်းသာ ရှိနိုင်သည် ဟု နိုင်ငံပိုင်အကြံပေးအဖွဲ့အစည်းဖြစ်သည့် ကိုရီးယားဖွံ့ဖြိုးရေးတက္ကသိုလ် (Korea Development Institute- KDI) က လျှော့ချခန့်မှန်းလိုက်ပါသည်။ လွန်ခဲ့သည့် ၃ လက  KDI က ခန့်မှန်းထားခဲ့ သည့် တိုးတက်နှုန်းမှာ ၂.၅  ရာခိုင်နှုန်း ဖြစ်ပါသည်။

နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်တွင်လည်း ၂ ရာခိုင်နှုန်းသာ ရှိနိုင်သည် ဟု KDI က လျှော့ချခန့်မှန်းလိုက်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း KDI ကခန့်မှန်းထား သည့် ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးတိုးတက်နှုန်းသည် ၂.၁ ရာခိုင်နှုန်းဖြစ်ပါသည်။ 

အတိုးနှုန်းများလျှော့ချပေးထားသည့်အတွက် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းပုဂ္ဂလိက ကဏ္ဍ ၏ သုံးစွဲမှုနှုန်းသည် ၁.၃ ရာခိုင်နှုန်းတိုးတက်နိုင်ပြီး ၂၀၂၅ ခုနှစ်တွင် ၁.၈ ရာခိုင်နှုန်း တိုးတက်နိုင် ကြောင်း KDI ကခန့်မှန်းထားပါသည်။ ထရမ့်အား အမေရိကန်ပြည်ထောင်စုသမ္မတအဖြစ် ဒုတိယ အကြိမ် ပြန်လည်ရွေးကောက်ခံရသည့်အတွက် ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက်တွင် မသေချာမရေ ရာမှုများ ဆက်လက်ရှိနေနိုင်ကြောင်း၊ သို့ဖြစ်၍ ၂၀၂၅ ခုနှစ်တွင် ပို့ကုန်တင်ပို့မှုသည် ၂.၁ ရာခိုင်နှုန်း သာတိုးတက်နိုင်သည်ဟု ခန့်မှန်းကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေးမူဝါဒများ အပြောင်းအလဲရှိလာပါက ကမ္ဘာ့ကုန်သွယ်မှုကို ကျုံ့သွားစေနိုင်သည့်အပြင် တောင်ကိုရီးယားနိုင်ငံ ၏ ပို့ကုန်တင်ပို့မှုအပေါ် အနှုတ်လက္ခဏာဖြစ်စေနိုင်ကြောင်း KDI ကခန့်မှန်းထားပါသည်။

သမ္မတထရမ့်သည် ရွေးကောက်ပွဲဝင်စဉ်ကာလက “အမေရိကသာပထမ” ဆိုသည့်မူကို အထူးပြုမဲဆွယ်စည်းရုံးခဲ့သည့်အတွက် ကုန်သွယ်ရေးကို မှီခိုနေရသည့် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရာတွင် အကောက်ခွန်မြင့်မားမှုနှုန်းကို ရင်ဆိုင်ရ မည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းသို့ အကောက်ခွန်နှုန်းမြှင့်တင်ခြင်းကို သမ္မတထရမ့် သက်တမ်းစတင်သည့် ၂၀၂၅ ခုနှစ်တွင် ချက်ချင်းစတင်မိတ်ဆက်နိုင်မည် မဟုတ်သည့်အပြင် ၂၀၂၆ ခုနှစ်အထိတိုင်အောင် အသက်ဝင်ဦးမည်ဟု မမျှော်လင့်ကြောင်း၊ မျှော်လင့်ထားသည်ထက် စော၍ အကောင်အထည်ဖော်မည်ဆိုပါက ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းထားသည့် စီးပွားရေးတိုး တက်နှုန်း (၂.၁ ရာခိုင်နှုန်း) ရည်မှန်းချက်ကို ရရှိရန် စိန်ခေါ်မှုများရှိနိုင်ကြောင်း KDI  မှ အကြီးတန်း သုတေသီ Mr. Jeong Gyu-cheol က ခန့်မှန်းပြောကြားခဲ့ပါသည်။

 

Source: The Korea Times (13-11-23)

စီးပွားရေးသံမှူး၊ ဆိုးလ်််မြို့၊ ကိုးရီးယာနိုင်ငံ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Category: Korea