Russia

ရုရှားဓာတ်မြေသြဇာ အိန္ဒိယသို့ တင်ပို့မှုဝေစု ၂၈ ရာခိုင်နှုန်းထိ တိုးတက်

Last Updated:

အိန္ဒိယသို့ တင်ပို့ခဲ့ပြီး ယင်းဈေးကွက်တွင် ရုရှား၏ဝေစုသည် ၂၈ ရာခိုင်နှုန်းအထိ တိုးမြှင့် လာခဲ့ကြောင်း ရုရှားဓာတ်မြေသြဇာထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ Mr. Andrey Guryev က ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရုရှား-အိန္ဒိယ အစိုးရအချင်းချင်း ကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အိန္ဒိယမှ ရုရှားဓာတ်မြေသြဇာ တန်ချိန် ၅.၄ သန်းကျော်ကို တင်သွင်းခဲ့ပြီး အိန္ဒိယဓာတ်မြေသြဇာတင်သွင်းမှုတွင် ရုရှား၏ ဝေစုသည် ၂၅ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။ အိန္ဒိယဈေးကွက်သည် ရုရှားအတွက် စိတ်ဝင်စားစရာကောင်းသည့် ဈေးကွက်ဖြစ်ပြီး ဆက်လက်၍ တင်ပို့မှုတိုးမြှင့်လာရန် အလားအလာများ ရှိနေကြောင်း Mr. Andrey Guryev က ပြောကြားခဲ့သည်။

ရုရှားဓာတ်မြေသြဇာသည် အိန္ဒိယအတွက် အဓိကအရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ ယင်းအပြင် ရေနံစိမ်း၊ ကျောက်မီးသွေးနှင့် ယူရေနီယမ် အရင်းအမြစ်များသည်လည်း အလွန် အရေးပါကြောင်း၊  တစ်ဖက်တွင်လည်း အိန္ဒိယ၏ ဆေးဝါးလုပ်ငန်းသည် ရုရှားအတွက် ယုံကြည်စိတ်ချရသော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ ယင်းကြောင့် ရုရှားနှင့်အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံသို့ ရည်မှန်းထားသည့် ၂၀၃၀ ခုနှစ်မတိုင်မီတွင် စော၍ ရောက်ရှိမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. Subrahmanyam Jaishankar က အဆိုပါကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၆၅ ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် မော်စကိုမြို့၌ ရုရှား-အိန္ဒိယ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး နောက် ၂၀၃၀ ခုနှစ်တွင် နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀၀ ဘီလီယံ ရရှိရန် ရည်မှန်းချက် ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ဓာတ်မြေသြဇာထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၆၄ သန်းခန့်အထိ ၉ ရာခိုင်နှုန်း မြင့်တက်လာရန် မျှော်မှန်းထားပြီး ပြည်ပသို့ တင်ပို့မှုလည်း တိုးတက်လာမည် ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ရုရှားဓာတ်မြေဩဇာအဓိက တင်သွင်း သော နိုင်ငံများမှာ ဘရာဇီး၊ အိန္ဒိယ၊ အမေရိကန်၊ တရုတ်၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ တူကီယဲ၊ ပြင်သစ်၊ ဂျာမနီ၊ မလေးရှား စသည့်နိုင်ငံများကြောင်း သိရသည်။

 

Source :       https://www.interfax.ru/business/991300

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia