Thailand

အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများကို ဖြေရှင်းနိုင်ရေးအတွက် ပူးတွဲကုန်သွယ်ရေးကော်မတီဖွဲ့စည်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများကို ဖြေရှင်းရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ပူးတွဲကုန်သွယ်ရေးကော်မတီတည်ထောင်သွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Nartipthaphan သည် ထိုင်းနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတွေ့ဆုံခဲ့ပြီး ပူးတွဲကုန်သွယ်ရေးကော်မတီကို လာမည့် ၂ လ-၃ လအတွင်း ဖွဲ့စည်းနိုင်ရန် ခန့်မှန်းထားကြောင်း ဆွေးနွေးခဲ့ပါကြောင်း၊ ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေး များတွင် မူဝါဒအဆင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပါ လွှမ်းခြုံနိုင်ရန် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ အိန္ဒိယအနေဖြင့် ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်များဖြစ်သော လေအေးပေးစက်များ၊ ပလတ်စတစ်အလုံးများ၊ Particleboard၊ MDF သစ်သားနှင့် ရေယွန်ဖိုက်ဘာများအတွက် အတည်ပြုချက်လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်စေလိုပြီး ရာဘာတာယာများနှင့် ရောင်စုံတီဗွီများအတွက် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ကိုလည်း မြန်ဆန်စေရေး တောင်းဆိုလိုကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်မှုသဘောတူစာချုပ်ပြင်ဆင်ချက်ကို ၂၀၂၅ ခုနှစ်တွင် အပြီး သတ်သွားမည်ဖြစ်ရာ ယင်းအတွက် ထိုင်းနိုင်ငံအနေဖြင့် ပြည့်ပြည့်ဝဝထောက်ခံပါကြောင်း၊ နှစ်နိုင်ငံ လုံးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးရန် ထိုင်း-အိန္ဒိယ လွတ်လပ်သော ကုန်သွယ် ရေးသဘောတူစာချုပ်အတွက်လည်း ဆွေးနွေးခဲ့ပါကြောင်း၊ အရှေ့ဖက်စီးပွားရေးစင်္ကြံရှိ အချက် အလက်စင်တာတွင် အခွင့်အလမ်းများ လာရောက်လေ့လာရန် အိန္ဒိယရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ပလတ်စတစ်အလုံးများ၊ ဓာတုပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ များ၊ ယန္တရားများ၊ မော်တော်ကားဆက်စပ်ပစ္စည်းများ၊ ရာဘာထုတ်ကုန်များ၊ ပီလောပီနံအခြေခံ ထုတ် ကုန်များ၊ အထည်အလိပ်များနှင့် ပြုပြင်ပြီး သစ်သားအပါအဝင် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်စေ ရေး သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

လုပ်ငန်းချိတ်ဆက်မှုများ၊ ကုန်သွယ်ရေးအခွင့်အလမ်းများ ချဲ့ထွင်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍပူး ပေါင်းဆောင်ရွက်မှု ခိုင်မာရန်အတွက် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင် ရွက်မှု တိုးမြှင့်ရန် သဘောတူညီခဲ့ပါကြောင်း၊ ထိုင်း PromptPay နှင့် အိန္ဒိယ Unified Payments တို့  အကြား နယ်စပ်ဖြတ်ကျော် ပေးချေမှုအတွက် ပေါင်းစည်းမှုကို အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ယင်းသို့‌ဆောင်ရွက်ခြင်းဖြင့် သုံးစွဲသူများ၏ ငွေလွှဲပို့မှုများ လွယ်ကူချောမွေ့စေပြီး ခရီးသွားကဏ္ဍတွင် လည်း ယှဉ်ပြိုင်မှုကို မြင့်တက်စေကြောင်း၊ တောင်အာရှတွင် အိန္ဒိယသည် ထိုင်းနိုင်ငံ၏ ထိပ်တန်း ကုန် သွယ်ရေး မိတ်ဖက်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိ ကန်ဒေါ်လာ ၁၅.၈ ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံဖြစ်ပေါ်ခဲ့ ကြောင်း၊ ထိုင်းပို့ကုန်များမှာ ပလတ်စတစ်အလုံးများ၊ ဓာတုပစ္စည်းများ၊ ဟင်းသီးဟင်းရွက်နှင့် တိရစ္ဆာန် ဆီများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများနှင့် သံမဏိထုတ်ကုန်များဖြစ်ပြီး အိန္ဒိယပို့ကုန်များမှာ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ အပင်များ၊ သတ္တုတွင်းထွက်များဖြစ်ကြောင်း သိရှိရပါသည်။    

 

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: Thailand